ကူမင်းမြို့နှင့် ၎င်း၏ နိုင်ငံတကာ ချစ်ကြည်ရေးမြို့ (၂၆) မြို့အကြားတွင် တောင်နှင့်ပင်လယ်များ ဖြတ်ကျော်သည့် ချစ်ကြည်မှုကို ဖော်ပြထား
နိုဝင်ဘာလ ၁၁ရက်နေ့၌ ကျင်းပခဲ့သည့် ၂၀၂၄ခုနှစ် တရုတ်နိုင်ငံတကာချစ်ကြည်ရေးမြို့ ညီလာခံဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ကူမင်းမြို့ သက်ဆိုင်ရာခေါင်းဆောင်များသည် မီဒီယာများမှ သတင်းထောက်များအား ကူမင်းမြို့၏ နိုင်ငံတကာချစ်ကြည်ရေးမြို့ ပေါင်းသင်းရေးလုပ်ငန်းအခြေအနေကို ရှင်းလင်းတင်ပြခဲ့သည်။ လက်ရှိအချိန်တွင် ကူမင်းမြို့သည် နိုင်ငံတကာ ချစ်ကြည်ရေးမြို့(၂၆)တွဲကို ပေါင်းသင်းနေကြပြီဖြစ်သည်။
ကူမင်းမြို့သည် ၁၉၈၁ခုနှစ်တွင် ဂျပန်နိုင်ငံ ထိန်ကျယ်မြို့နှင့် ပထမဆုံးနိုင်ငံတကာချစ်ကြည်ရေးမြို့ ပေါင်းသင်းခဲ့ပြီကတည်းက တိုက်ကြီး၅တိုက်ရှိ နိုင်ငံပေါင်း၂၂နိုင်ငံမှ မြို့ပေါင်း၂၆မြို့တို့နှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပေါင်းသင်ခဲ့ကြသည်ဖြစ်ပြီး ၎င်းအနက် အာရှတိုက်၁၅တွဲ၊ ဥရောပတိုက်၅တွဲ၊ အမေရိကတိုက်၃တွဲ၊အိုရှန်းနီးယားတိုက်၂တွဲနှင့် အာဖရိကတိုက်၁တွဲ ဖြစ်ကြ၍ တောင်အာရှအရှေ့တောင်အာရှနိုင်ငံများနှင့် ပေါင်းသင်းထားသည့် ချစ်ကြည်ရေးမြို့ အရေအတွက်မှာ တရုတ်တစ်နိုင်ငံလုံးမှ ရှေ့တန်းစာရင်းထဲ၌ ပါဝင်ထားသည်။
နှစ်ပေါင်းများစွာ ကြိုးပမ်းဆောင်ရွက်ထားခြင်းဖြင့် ကူမင်းမြို့၏ နိုင်ငံတကာချစ်ကြည်ရေးမြို့လုပ်ငန်းမှာ အောင်ကျိုးရလဒ် အများအပြားရရှိပြီး "နိုင်ငံတကာချစ်ကြည်ရေးမြို့ အထူးအကျိုးဆောင်ဆု" နှင့်" နိုင်ငံတကာချစ်ကြည်ရေးမြို့ ဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆု" စသည့် ဂုဏ်ထူးများကို ရရှိခဲ့ကြသည်။
နိုင်ငံတကာကူးလူးဆက်ဆံရေး ပလက်ဖောင်းကို ဖန်တီး၍ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို အတူစံစားကြသည်။ ကူမင်းမြို့သည် ကူမင်းနိုင်ငံတကာချစ်ကြည်ရေးမြို့ ခရီးသွားလုပ်ငန်းမဟာမိတ်အဖွဲ့၊ကူမင်းနိုင်ငံတကာချစ်ကြည်ရေးမြို့ ပညာရေးပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့နှင့် ကူမင်းနိုင်ငံတကာ စီးပွားကုန်သွယ်ရေးဆိုင်ရာ ခုံတင်ဆုံးဖြတ်ခြင်းဝန်ဆောင်မှုစင်တာတို့ကို ဆက်တိုက်ထူထောင်ခဲ့ကြ၍ ၂၀၂၂ခုနှစ်တွင် နယ်စပ်ဆိပ်ကမ်းမြို့နယ်ဖြစ်သည့် မိုဟန်မြို့နယ်ကို တာဝန်အပ်နှင်းချက်အရ စီမံခန့်ခွဲပြီးနောက် နယ်နိမိတ်ချင်းဆက်စပ်ထားသည့် လာအိုနိုင်ငံ နန်ထာပြည်နယ်နှင့် ချစ်ကြည်ရေးမြို့ဖြစ်အောင် ရည်ရွယ်ချက်ချမှတ်ခဲ့ပြီး သက်ဆိုင်ရာလုပ်ငန်းယန္တရားများကို ထူထောင်ခဲ့ကြကာ လက်ရှိအချိန်တွင် "တရုတ်-လာအိုရထားလမ်း မြို့ပြမဟာမိတ်အဖွဲ့"ကို ထူထောင်ရန် စီစဉ်နေပြီဖြစ်၍ ရထားလမ်းတစ်လျှောက်ရှိ မြို့ပြများကို အခွင့်အလမ်းများ အတူစံစားစေရန်နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်စေရန် အားသွန်ခွန်စိုက် တွန်းအားပေးနေသည်။
လူမှုရေးဖလှယ်မှုကို စဉ်ဆက်မပြတ်တိုးချဲ့၍ ယဉ်ကျေးမှုအချင်းချင်းဖလှယ်မှတ်ယူမှုကို တွန်းအားပေးသည်။ကူမင်းမြို့သည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့နှင့် ဂျပန်နိုင်ငံ ထိန်ကျယ်မြို့ စသည့်နေရာများတွင် "ကူမင်းဥယျာဉ်"ကို အတူတကွ တည်ဆောက်ခဲ့ကြသည်ဖြစ်၍ တရုတ်နိုင်ငံတော်သီချင်း၏ တေးရေးဆရာ Nie Er၊ အမေရိကန်ကျားပျံအဖွဲ့မှ စစ်သားဟောင်း၊နန်ရန်း(ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်း) ပင်လယ်ရပ်ခြားရောက် တရုတ်ကားမောင်းကားပြင် အလုပ်သမားများနှင့် ရေကြောင်းလမ်းပြသူ Zheng Heစသည်တို့သည် နိုင်ငံတကာချစ်ကြည်ရေးမြို့နှင့် ပေါင်းသင်းဆက်ဆံရာတွင် ထူးခြားသော နာမည်ကျော်အမည်ကတ်ပြား ဖြစ်လာကြသည်။ ထို့ပြင် ကူမင်းမြို့သည် အင်္ဂလန်နိုင်ငံ လီဗာပူးမြို့၊နီပေါနိုင်ငံ ဘိုကလာမြို့ စသည့် နေရာများနှင့်အတူ အားကစားလှုပ်ရှားမှုများ ကျင်းပခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုကို လက်ဆင့်ကမ်း၍ ကူမင်းစာဖတ်ခန်းများ လှူဒါန်းတည်ဆောက်ခြင်းနှင့် ချစ်ကြည်ရေးမြို့ လူငယ်အချင်းချင်းဖလှယ်ရေး ဆောင်ရွက်ခြင်း စသည်တို့ဖြင့် ကူမင်းမြို့၏ ယဉ်ကျေးမှုကို ကမ္ဘာသို့ ထွန်းကားစေသည်။
နယ်ပယ်ပေါင်းစုံတွင် လုပ်ငန်းရပ်များ ပူးပေါင်းဆောင်ရွက်ပြီး မြို့ပြတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ၀န်ဆောင်မှုပေးလျက်ရှိသည်။ ကူမင်းမြို့သည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့နှင့်အတူ မြို့ပြအတွင်းမှ ရေပေးရေထုတ်ရေးလုပ်ငန်း၊ အများပြည်သူလမ်းပန်းဆက်သွယ်ရေးလုပ်ငန်း စသည့်အဖက်ဖက်တွင် ပူးပေါင်းဆောင်ရွက်မှုရလဒ် အများအပြားရရှိခဲ့သောကြောင့် နှစ်မြို့တို့၏ ချစ်ကြည်ရေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမျိုးသားနိုင်ငံခြားချစ်ကြည်ရေးအသင်းတို့သည် တစ်နိုင်ငံလုံးမှ "စံပြချစ်ကြည်ရေးမြို့"အဖြစ် အကဲဖြတ်ရွေးချယ်ခဲ့ဖူးသည်။ ကူမင်းမြို့သည် အမေရိကန်ပြည်ထောင်စုDenverမြို့နှင့်တူ ဆောင်ရွက်ကြသည့် တရုတ်-အမေရိကန်-အာဖရိက နည်းပညာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းမှာ ကုလသမဂ္ဂ၏ "တောင်-တောင်ပူးပေါင်းဆောင်ရွက်မှုဆု" ရရှိခဲ့သည့်အပြင် ဖင်လန်နိုင်ငံ Jyvaskylaမြို့နှင့်အတူ ဆောင်ရွက်သည့် အစိမ်းရောင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်မှု၊ချက်သမ္မတနိုင်ငံ Olomoucမြို့နှင့်အတူ ဆောင်ရွက်သည့် အပ်စိုက်ကုသခြင်း နည်းပညာဖလှယ်ရေးလှုပ်ရှားမှုတို့သည် မြို့နှစ်မြို့မှ ပြည်သူများ၏ ချီးကျူးမှုများ ရရှိခဲ့ကြသည်။
အနာဂတ်တွင် ကူမင်းမြို့သည် နိုင်ငံတကာချစ်ကြည်ရေးမြို့ အခင်းအကျင်းကို ဆက်လက်တိုးချဲ့စေပြီး နိုင်ငံတကာချစ်ကြည်ရေးမြို့ ကွန်ရက်ကို ဆက်လက်ပြည့်စုံစေရမည်ဖြစ်၍ နိုင်ငံတကာချစ်ကြည်ရေးမြို့နှင့်အတူ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊သိပ္ပံနှင့်နည်းပညာ စသည့် ပိုမိုများပြားသော နယ်ပယ်များတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာဆောင်ရွက်ပြီး အဆင့်မြင့် တံခါးဖွင့်မှု ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို အတူတကွ စံစားရမည်ဖြစ်သည်။