> 首页 > MFN

Myanmar Tradenet 2.0 စနစ်ဖြင့် ပို့ကုန်/သွင်းကုန် လိုင်စင် ၂၃၀၀ ကျော် ထုတ်ပေးမှု အောင်မြင်

Myanmar Trade NET2.0စနစ်တွင်ကုန်သွယ်မှုဆိုင်ရာဌာနနှင့် အသင်းအဖွဲ့စုစုပေါင်း(၅၄)ခုစနစ်အတွင်းဝင်ရောက်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ပြီး နှစ်လခွဲကာလ အတွင်းပို့ကုန်/သွင်းကုန်လိုင်စင်၂၃၀၀ကျော်ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာနမှသိရပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာနသည်Myanmar Tradenet2.0ဖြင့်အဆင့်လိုက်စတင်ဆောင်ရွက်ခဲ့သည့် ၂၀၂၀ခုနှစ် နိုဝင်ဘာ(၁)ရက်မှစပြီး၂၀၂၁ခုနှစ်ဇန်နဝါရီ၁၅ရက်အထိ၊ နှစ်လခွဲကာလအတွင်းသွင်းကုန်/ပို့ကုန်လိုင်စင်၂၃၇၃ခုကိုထုတ်ပေးနိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းကပြောပါတယ်။

“Tradenet2.0ကိုနိုဝင်ဘာ၁ရက်နေ့ကစပြီးကုန်သွယ်မှုလုပ်ငန်း အဆင့်လေးဆင့်ဆောင်ရွက်ခဲ့ရာမှာ ၂၀၂၁ခုနှစ်ဇန်နဝါရီလဆန်း၅ရက်နေ့မှာ လေးဆင့်စလုံး အောင်မြင်ခဲ့ပါတယ်၊ Tradenet2.0အဖွဲ့ဝင်၃၅၀၀နီးပါးလည်းရရှိထားပါပြီ၊ ပို့ကုန်လိုင်စင်၇၅၀ကျော်နဲ့ သွင်းကုန်လိုင်စင်၁၆၀၀ကျော်ကို ထုတ်ပေးနိုင်ခဲ့ပါတယ်”လို့ညွှန်ကြားရေးမှူးချုပ်ကပြောပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနကယနေ့နေ့လယ်၌ပြုလုပ်ခဲ့သည့်ဌာနက အသုံးပြုနေသောTradenet2.0၏ ဆောင်ရွက် နိုင်မှု အခြေအနေများ အပေါ်မီဒီယာသို့ ရှင်းလင်းခြင်းပြီးခဲ့တဲ့ ဇန်နဝါရီ၁၉ရက်က Video Conferencingဖြင့်ပြုလုပ်ထားပါတယ်။

ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုမြန်ဆန်တိကျပြီး တိုးတက်ဖွံဖြိုးလာရေးအတွက် ယခုအသုံးပြုလျက်ရှိသည့်Myanmar Tradenet2.0သည်Trade NET member လျှောက်ထားခြင်းလုပ်ငန်း၊ ပို့ကုန်သွင်းကုန်ဆိုင်ရာဆက်စပ်ကတ်များလျှောက်ထားခြင်း၊ ပို့ကုန်လိုင်စင်ပါမစ်များလျှောက်ထားခြင်း ၊သွင်းကုန်လိုင်စင်ပါမစ်များ လျှောက် ထားခြင်းများကို ဆောင်ရွက်နိုင်ပြီဖြစ်ပြီဖြစ်ပါတယ်၊

အဆိုပါTradenetကိုအသုံးပြုကာနိုင်ငံတော်ကဦးတည်လျက်ရှိသည့်e-Governmentကို အထောက်အကူပြုပြီး အာဆီယံနိုင်ငံများနှင့်ကုန်သွယ်ရာတွင် onlineဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ကနဦးစတင်နိုင်ပြီဖြစ်ကြောင်း၊ လုပ်ငန်းရှင်များနှင့် ကုန်သွယ်ရေးဦးစီးဌာန အကြားယခင်ကဲ့သို့ အေးဂျင့်များထားရှိဆောင်ရွက်ရန် မလိုတော့ သဖြင့် အချက်အလက်ပေါက်ကြားမှုများမရှိတော့ခြင်း၊ လိုင်စင်လျှောက်ထားရာ၌မည်သည့်အဆင့်သို့ရောက်ရှိနေကြောင်း ကိုကိုယ်တိုင်အလွယ်တကူသိခွင့်ရခြင်း၊ အစိုးရ အဖွဲ့နှင့် လုပ်ငန်းရှင်များအကြားပိုမိုပွင့်လင်းမြင်သာမှုရှိလာစေခြင်းစသည့်ကျိုးထူးများရရှိစေမယ်လို့လည်းသိရပါတယ်။

ဒါ့အပြင်Tradenet2.0သည်သတင်းအချက်အလက်အတွက်သာသုံးသည့်information websiteမဟုတ်ဘဲငွေပေးငွေယူလုပ်ငန်းများပါပါဝင်သည့်interactive websiteဖြစ်ကြောင်း၊စတင်သုံးစွဲသူများအတွက်မြင်နေကျသုံးနေကျမဟုတ်သည့်new normal type ဖြစ်သောကြောင့် အစပိုင်းတွင် စိန်ခေါ်မှုအချို့ရှိနိုင်ကြောင်း၊ ထိုစိန်ခေါ်မှုများအတွက် ဌာနကညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ကုန်သွယ်ရေးဦးစီးဌာနမှဆိုထားပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနမှ၂၀၁၈ခုနှစ်၌ စတင်အသုံးပြုခဲ့သည့်Tradenet2.0ကြောင့်ဌာန၏ဝန်ဆောင်မှုအားလုံးကိုpaperless၊digital formatသို့ ပြောင်းလဲကာ အွန်လိုင်းစနစ်ဖြင့် အသုံးပြုနိုင်ခြင်း၊ကုန်သွယ်မှုနှင့်ဆက်စပ်ဌာနများအကြားNational Single Window၏အနှစ်သာရဖြစ်သည့်Single Entry,Single ID လုပ်ငန်းများ ကိုက နဦးကြားခံမိတ်ဆက်ပေးနိုင်ခြင်း၊အင်တာနက်ရရှိသည့်နေရာတိုင်းမှ၂၄နာရီအလွယ်တကူလျှောက်ထားထုတ်ယူနိုင်ခြင်း၊ID,QR Scanပြုလုပ်ခြင်းဖြင့် အချက်အလက် များကို အလွယ်တကူစစ်ဆေးနိုင်ခြင်းစသည့် ကုန်သွယ်မှုလုပ်ငန်းဆိုင်ရာအားသာချက်များ ရရှိစေမှာဖြစ်တယ်လို့လည်း ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်များထံမှသိရပါတယ်။

အဆိုပါMyanmar Tradenet2.0စနစ်ကို ကုန်လွန်ခဲ့တဲ့၂၀၂၀ခုနှစ် ၁၁လပိုင်းမှစတင်၍Memberလျှောက်ထားခြင်း ၊ပသကနှင့်ဆက်စပ်ကတ်များထုတ်ပေးခြင်း၊ ပို့ကုန်လိုင်စင်ပါမစ်ထုတ်ပေးခြင်းနှင့်သွင်းကုန်လိုင်စင်ပါမစ်ထုတ်ပေးခြင်းဟူ၍ အဆင့်၄ဆင့်ဖြင့်သတ်မှတ်ဆောင်ရွက်ခဲ့ရာယခုနှစ်နှစ်စဇန်နဝါရီ၅ရက်နေ့တွင် အဆင့်၄ဆင့် လုံးအောင်မြင်စွာ ဆောင်ရွက်လျက်ရှိတယ်လို့လည်းသိရပါတယ်။



郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: