ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ ၇ လအတွင်း မြန်မာပြည်သူ ၁သန်းကျော်ကိုထောက်ပံ့
၂၀၂၁ခုနှစ်ရဲ့ ပထမခုနှစ်လအတွင်း မြို့ပြဒေသများနဲ့ကျေးလက်ဒေသများက
မြန်မာပြည်သူလူဦးရေစုစုပေါင်း(၁.၂၅)သန်းအတွက်စားနပ်ရိက္ခာ၊ ငွေသားနဲ့အာဟာရအထောက်အပံ့တွေ ပေးအပ်ထောက်ပံ့နိုင်ခဲ့ပြီလို့လည်း
WFP မှ သိရှိရပါတယ်။
ကုလသမဂ္ဂကမြို့ပြစားနပ်ရိက္ခာအထောက်အပံ့စီမံချက်နဲ့ ရန်ကုန်ပြည်သူခြောက်သိန်းခွဲကို တိုက်ရိုက်ကူညီပေးခဲ့တယ်ဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်များမှ ထိခိုက်လွယ်သူ လူဦးရေပေါင်း ၆၅၀,၀၀၀အထိ တိုက်ရိုက်ကူညီပံ့ပိုးပေးနိုင်ခဲ့တာမှာ မိခင်တွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ အများစု ပါဝင်တယ်လို့ WFP ရဲ့အချက်အလက်များအရ သိရှိရပါတယ်။
ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က၂၀၂၁ မေလကစပြီး ရန်ကုန်တိုင်းကမြို့နယ် ၂ခုမှာ မြို့ပြစားနပ်ရိက္ခာ အထောက်အပံ့ စီမံချက်ကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ရဲ့ အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆက်လက် လုပ်ကိုင်နိုင်ဖို့ ယခုလမှစပြီး၂၀၂၂ ခုနှစ်၊ဇန်နဝါရီလအထိကြားကာလအရေးပေါ်ရန်ပုံငွေလိုအပ်ချက်အမေရိကန်ဒေါ်လာ(၈၆)သန်းရရှိဖို့လည်းWFPက ကြိုးစားနေတယ်လို့သိရပါတယ်။
လာမယ့်ခြောက်လအတွင်း မြန်မာနိုင်ငံက လူ ၆.၃ သန်း လောက် အစားအစာမလုံလောက်မှုတွေကြုံရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ခန့်မှန်းထားတာပြီး၊ လာမယ့်ခြောက်လအတွက် ရန်ပုံငွေမလုံမလောက်ဖြစ်နိုင်တယ်လို့ WFPကုလသမဂ္ဂရဲ့ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကသတိပေးထားပါတယ်။
ကုလဖွံ့ဖြိုးရေးအစီအစဉ် နှင့် ကမ္ဘာ့ဘဏ်တို့က၂၀၁၇ခုနှစ်တွင်ကောက်ယူခဲ့ပြီး၂၀၁၉တွင်ထုတ်ပြန်ခဲ့သော မြန်မာ့လူမှုဘဝစစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံသား ၃၀ရာခိုင်နှုန်းနီးပါးသည် တစ်နေ့လျှင် ၁၆၀၀ကျပ် ထက်ပို၍ ဝင်ငွေနည်းသောသူများဖြစ်ကြပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ အဆင်းရဲဆုံး ၄၀ရာခိုင်နှုန်း၏ ဝင်ငွေမှာမြန်မာနိုင်ငံ၏ စုစုပေါင်းဝင်ငွေ၏ ၂၂ ရာခိုင်နှုန်း သာရှိတယ်လို့ ဆိုထားပါတယ်။
တစ်ဖန်ထိုဝင်ငွေအနိမ့်ဆုံးအုပ်စုထဲတွင်မှ အခြေအနေအနိမ့်ဆုံး ၄၀ ရာခိုင်နှုန်းခန့်မှာ ပျံကျလုပ်ကိုင်စားသောက်ရသူများဖြစ်ကြကာ ကျေးလက်ဘက်ကိုလှမ်းကြည့်လိုက်လျှင် အိမ်ထောင်စုဆယ်စုတွင် ရှစ်စုမှာ လယ်ယာနှင့်စပ်လျဉ်းပြီး အသက်မွေးရသူများဖြစ်ကြပါတယ်။ ထိုကျေးလက်မိသားစုများ၏ ဝင်ငွေသည်တစ်နိုင်လုံးဝင်ငွေ၏ ၃၇ ရာခိုင်နှုန်းခန့်သာရှိတယ်လို့ နိုင်ငံတကာ အချက်အလက်ကောက်ယူရေးအဖွဲ့များရဲ့ ထုတ်ပြန်ထားမှုများအရ သိရှိရပါတယ်။ လွန်ခဲ့သော ၆လအတွင်းတွင် ကိုဗစ်-၁၉သည် မူလကပင် ဆင်းရဲသောမြန်မာပြည်သူတို့၏ဘဝကို ပို၍ပင်ကျပ်တည်းစေခဲ့ပြီဖြစ်ပါတယ်။
