အစိုးရ၊ပုဂ္ဂလိကဘဏ်များရက်သတ်တစ်ပတ်ပိတ်ဖို့ကြေညာချက်များထုတ်လာ
အစိုးရ၊ပုဂ္ဂလိကဘဏ်အများစုရက်သတ်တစ်ပတ်ပိတ်ဖို့ဘဏ်အသီးသီးက ယနေ့မှာကြိုတင်ကြေညာချက်များအသီးသီးထုတ်ပြန်လာပါတယ်။
ဗဟိုဘဏ်ညွှန်ကြားချက်အရ ပုဂ္ဂလိကဘဏ်များအားလုံး တစ်ပတ်ပိတ်မယ်လို့ ဩဂုတ်၁၃ရက်မှာ ၎င်းတို့ရဲ့ သတင်းထုတ်ပြန်ရေး pageတွေကနေ တစ်ဆင့်အသီးသီး ကြေညာလာတာပါ။
ဘဏ်တွေရဲ့ကြေညာချက်မှာ လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများ အက်ဥပဒေအရ ၂၀၂၁ခုနှစ် ဩဂုတ်၁၆ရက်မှ၂၀ရက်နေ့အထိ အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် သတ်မှတ်ထားတာကြောင့် ယင်းနေ့များမှာဘဏ်ရုံးချုပ်နှင့်ဘဏ်ခွဲများအားလုံးပိတ်ထားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်ဟု ဖော်ပြထားပါတယ်။
အဆိုပါကြေညာချက်ကိုပြည်သူများငွေအပ်နှံ့သုံးစွဲမှုအများဆုံးလို့ ပြောလို့ရတဲ့KBZ၊CB၊ AYA၊ AGD၊MAB အစရှိတဲ့ပုဂ္ဂလိကဘဏ်များအားလုံးရဲ့ သတင်းထုတ်ပြန်ရေး Page တွေမှာထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဘဏ်တွေပိတ်ထားပေမဲ့ဘဏ်ပိတ်ရက်တွေအတွင်းATM(ငွေထုတ်စက်)၊ CRM(ငွေသွင်း/ငွေထုတ်စက်)များနဲ့ Agentsများအပြင် Digital Banking Channelများဖြစ်တဲ့Pay,iBanking,Mobile Banking,Bank Cardများကိုအသုံးပြုပြီး ငွေလွှဲခြင်း၊e-Commerce များ၊POSများမှ ဈေးဝယ်ခြင်းနှင့်ငွေပေးချေခြင်း၊Mobile Top Upနှင့်Bill Paymentအစရှိတဲ့ဝန်ဆောင်မှုလုပ်ငန်းများကိုပိတ်ရက်မရှိဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဘဏ်တွေရဲ့ကြေညာချက်တွေမှာပါရှိပါတယ်။
Payနှင့် iBankingတွေအသုံးပြုရာမှာ အခက်ခဲရှိသူတွေအနေနဲ့လည်းဘဏ်တွေရဲ့Contact Centreဖုန်းနံပါတ်တွေနဲ့email တွေကနေတဆင့်ဆက်သွယ်နိုင်ပါတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကယနေ့ထုတ်နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက်ဘဏ်များပိတ်ဖို့ရက်ကြေညာပြီးမကြာမီအစိုးရ၊ ပုဂ္ဂလိကဘဏ်များစုအများပြည်သူများသိရှိဖို့အသီးသီးကြေညာချက်ထုတ်ပြန်လာတာဖြစ်ပါတယ်။
