> 首页 > MFN

မြန်မာ့ဆေးဝါးထုတ်လုပ်မှုဆေးဝါးကုန်ကြမ်းများကိုလိုင်စင်ဖြေလျော့ပေးပြီ

ကိုဗစ်၁၉ရောဂါကူးစက်ပျံ့ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး၊‌ ပြည်တွင်းဆေးဝါးထုတ်လုပ်မှုကိုအထောက်အကူပြုနိုင်ရန် ဆေးဝါးကုန်ကြမ်းအဖြစ်အသုံးပြုနေ သည့်သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သောကုန်စည်းများအနက်မှ ကုန်စည်လိုင်း(၉၂)လိုင်းအား လိုင်စင်လျှောက်ထားရန်မလိုအပ်ဘဲ ၃လယာယီဖြေလျော့ ပေးလိုက်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာ၁ရက်နေ့မှစလို့ အဆိုပါကုန်စည်လိုင်းများအား၃လလိုင်စင်လျှောက်ထားရန်မလိုအပ်ဘဲ ဖြေလျော့ပေးလိုက်တာဖြစ်ပြီး၊ အဆိုပါသွင်းကုန်လိုင်စင် ဖြေလျော့ပေးလိုက်တဲ့ကုန်စည်များတွင် ဆေးဖက်ဝင်ပန်းပွင့်ဖတ်နှင့်ပန်းအဖူးများ၊ ဂျင်းနှင့်ဂျင်ဆင်းကဲ့သို့ အိမ်သုံးဆေးဖက်ဝင်အပင်များ၊ ကော်ဖီစေ့၊ အခွံအပါအဝင် အစေ့အဆံများ၊ ရက်စ်ဘယ်ရီ၊ဘလူးဘယ်ရီသီးကဲ့သို့ဆေးဖက်ဝင်အသီးများ၊ ဂျုံ၊ ဆန်၊ ပြောင်းမှုန့်ကဲ့သို့ အမှုန့်ပြုလုပ်နိုင်သော သီးနှံများ၊ နှံစားပြောင်းအပြင် အခြား ဆေးဖက်ဝင်ကုန်ကြမ်းများပါဝင်ပါတယ်။ 

စက်တင်ဘာ၂ရက်နေ့ကပြုလုပ်တဲ့ မြန်မာ့တိုင်းရင်းဆေးအား ကိုဗစ်-၁၉ရောဂါကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်နှင့် ပတ်သက်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင်လည်း လက်ရှိတွင် တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့်လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများအတွက် ဆောင်ရွက်နေသည်များရှိပြီး လက်ရှိအသုံးပြုနေသော တိုင်းရင်းဆေးခန်းသုံးဆေးအဖုံများကို အသုံးပြု၍ ကိုဗစ်-၁၉ရောဂါ ကုသမှုတွင် စနစ်တကျစမ်းသပ်အသုံးပြုရန် စီစဉ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားထားပါတယ်။

ကိုဗစ်-၁၉ရောဂါသည် အတူယှဉ်တွဲနေထိုင်သွားရမည့်သဘောတွင်ရှိ၍ ပြည်တွင်းမှတိုင်းရင်းဆေးဖြင့် ကုသဆေးထုတ်လုပ်ရန် ဆောင်ရွက်နေမှုများကို စနစ်တကျ သုတေသနပြုလုပ်ဆောင်ရွက်ရမည်ဖြစ်ပြီး၊ တိုင်းရင်းဆေးနှင့်ပတ်သက်၍ မြန်မာ့ဆေးကျမ်းပါဆေးခါးကြီး၊ ဆင်တုံးမနွယ်၊ နံ့သာဖြူ၊ ဂျင်းတို့ဖြင့် စမ်းသပ်သုတေသနပြုလုပ်ရာတွင် ကာကွယ်ဆေးအပြင်ကုသဆေးအတွက်ပါ နှစ်မျိုးလုံးထုတ်လုပ်နိုင်အောင်လုပ်ဆောင်ကြရမယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ကိုဗစ်၁၉ဆိုင်ရာအစည်းအဝေးမှာပြောကြားထားပါတယ်။

အဆိုပါ ကာကွယ်ကုသဆေးပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအစိုးရ၊ တပ်မတော်အပြင်ပုဂ္ဂလိကဆေးထုတ်လုပ်ရေးစက်ရုံများဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်ကြပြီး ဝန်ကြီးဌာနများအလိုက် ပေါင်းစပ်ဆောင်ရွက်သွားရန် နှင့် FDA အသိအမှတ်ပြုရေးနှင့် အောင်မြင်မှုအခြေအနေပေါ်မူတည်၍ နိုင်ငံတကာမှ သိရှိနိုင်ရေး ကြေညာလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်မှုရှိသည့်ကုန်ကြမ်းပစ္စည်းများရရှိနိုင်ရေးအတွက်လည်း ကြိုတင်လုပ်ဆောင်ထားရန် လိုကြောင်း လည်းနိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီဥက္ကဋ္ဌကပြောကြားထားပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: