> 首页 > MFN

သစ်တန်ချိန်သောင်းချီထုတ်ရောင်းချသွားဖို့မြန်မာ့သစ်လုပ်ငန်းကြေညာ

မြန်မာ့သစ်လုပ်ငန်းမှထုတ်လုပ်တဲ့ သစ်အမျိုးအစားအားလုံးကို ယခင်ဘဏ္ဍာနှစ်တွေက လစဉ်တင်ဒါစနစ်နဲ့ရောင်းချခဲ့တာပါ။ အခု၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်မှာတော့ ကိုဗစ်ကူးစက်မှုတွေကြောင့် တင်ဒါစနစ်နဲ့ရောင်းချနိုင်ချေမရှိခဲ့ပါဘူး။ ဒီအပြင် သစ်ဈေးကွက်မကောင်းမွန်တာ၊ သစ်အခြေခံစက်ရုံတွေဖွင့်လှစ်ဖို့ကန့်သတ်ချက်တွေကြောင့် လည်းဆောင်ရွက်နိုင်ချေမရှိခဲ့တာပါ။ ဒါကြောင့်မြန်မာ့သစ်လုပ်ငန်းအနေနဲ့သစ်တွေကိုအွန်လိုင်းစနစ်နဲ့ရောင်းချဖို့စီစဉ်လာပါတယ်။

ဒီအစီစဉ်အရမြန်မာ့သစ်လုပ်ငန်း၊ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ အဆိုပါသစ်ရောင်းချမှုကို လာမယ့်စက်တင်ဘာ၁၆မှ၃၀ရက်နေ့အထိ နံနက်၉နာရီခွဲ မှစ၍အွန်လိုင်းတင်ဒါကျင်းပသွားမယ်လို့ မြန်မာ့သစ်လုပ်ငန်းရဲ့ကြေညာချက်အရသိရပါတယ်။ အွန်လိုင်းစနစ်နဲ့ရောင်းချမယ့်သစ်အမျိုးအစားတွေထဲမှာ ရန်ကုန် ကျွန်းသစ်လုံးတန်(၁၅၀၀)၊ ၂၀၁၉-၂၀၂၀ခုနှစ်မှာ ထုတ်လုပ်ထားတဲ့ သစ်မာသစ်လုံးပျဉ်းကတိုး/ကညင်/အင်/သစ်ယာ/အင်ကြင်း (နယ်/ရန်ကုန်)တန်(၁၀၀၀၀)ခန့်၊ ကျွန်းခွဲသား(ပြည်ပရောင်း)တန်(၁၀၀၀)ခန့်နှင့် ကျွန်းခွဲသား(သစ်အခြေခံ)(၃၆)တန်ခန့်ကို ရောင်းချမယ်လို့သိရပါတယ်။

တင်ဒါကျင်းပမယ့်ရက်ပြောင်းလဲမှုရှိမယ်ဆိုရင် ထပ်မံအကြောင်းကြားမယ်လို့ ကြေညာချက်မှာဖော်ပြထားသလို ရောင်းချမှုကိုတော့အင်းစိန်မြို့နယ်၊ ကြို့ကုန်း ကမြန်မာ့သစ်လုပ်ငန်း(ရုံးချုပ်)ရဲ့ တော်ဝင်ခန်းမှာပြုလုပ်သွားမှာပါ။ အိတ်ဖွင့်တင်ဒါနဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို မြန်မာ့သစ်လုပ်ငန်း (ရုံးချုပ်) နဲ့Websiteတွေမှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတစ်ဝှမ်းရှိတိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးတွေမှာ သစ်တောတွေ ပြန်လည် တည်ထောင်ခြင်းအစီစဉ်ကို ၂၀၁၇-၂၀၁၈ခုနှစ်မှ ၂၀၂၆-၂၀၂၇ခုနှစ်အထိ ၁၀နှစ်စီမံကိန်းရေးဆွဲဆောင်ရွက်နေတာပါ။ သစ်ထုတ်လုပ်မှုကိုလည်း နှစ်စဉ်ထုတ်လုပ်နေတဲ့ပမာဏထက် လျော့ချထုတ်လုပ်နိုင်ဖို့လျာထားဆောင်ရွက်နေသလို ပြီးခဲ့တဲ့၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်မှာ သစ်တောထွက်ပစ္စည်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၅၄ဒသမ၀၆သန်းရရှိခဲ့ပါတယ်။

အခု၂၀၂၁ခုနှစ်ဧပြီလကစပြီး သဘာဝသယံဇာတထုတ်လုပ်မှုထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ သစ်တောသယံဇာတတွေရေရှည်တည်တံ့စေရေးအတွက် နိုင်ငံတော် အတွင်းသစ် ထုတ်လုပ်မှုလျှော့ချရေးလုပ်ငန်းစဉ်အဖြစ် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်မှာ ကျွန်းနှင့်သစ်မာထုတ်လုပ်မှုကို (၁)နှစ်ရပ်နားထားတယ်လို့ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကသိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: