> 首页 > MFN

ရန်ကုန်ငါးစျေးကြီး၂ခုမှနေ့စဉ်ရေထွက်ကုန်တန်ချိန်၂သိန်းအထိတစ်နိုင်ငံလုံးကိုဖြန့်ဝေပို့ဆောင်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်မှာရှိတဲ့ ကြည်မြင်တိုင်စံပြငါးဈေးနဲ့ မရမ်းကုန်းရွှေပိတောက်ငါးဈေးကြီး ၂ခုကနေ ရေထွက်ကုန်တွေကို တစ်နိုင်ငံလုံးအနှံပို့ဆောင်နေတာပါ။ ဒီငါးဈေးကြီး၂ခုကနေ နေ့စဉ်ရေချို၊ ရေငန်ကုန်တန်ချိန်ပေါင်းတစ်သိန်းခွဲမှ၂သိန်းအထိ ဖြန့်ဖြူးပေးနေတာလို့ နိုင်ငံပိုင်သတင်းစာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။

ငါးဈေးကွက်တည်ငြိမ်ဖို့ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးမုန့်၊ ငါးသလောက်၊ ပုစွန်မျိုးစုံ၊ ပြည်ကြီးငါး၊ ငါးခူ၊ ငါးရံ့စတဲ့ ရေချို/ရေငန်ထွက်ကုန်ပစ္စည်း မျိုးစုံကို ဘင်္ဂလားဒေ့ရှ်၊ မူဆယ်၊ မြဝတီ၊ နေပြည်တော်၊ မန္တလေး၊ နယ်စပ်ဒေသများနှင့် တောင်ပေါ်ဒေသ၊မြေပြန့်ဒေသအားလုံးကို ပို့ဆောင်နေတာလို့သိရပါတယ်။ လက်ရှိ ပြည်တွင်း ရေထွက်ကုန်ပစ္စည်းဈေးနှုန်းတွေမှာလည်း ငါးမြစ်ချင်းတစ်ပိဿာကို ၂၅၀၀ကျပ်၊ ငါးကြင်း၅၀၀၀ကျပ်၊ ငါးတန်၂၅၀၀ကျပ်၊ ငါးမုန့်၁၆၀၀ကျပ်၊ ငါးသလောက်၃၀၀၀၀ကျပ်ကျော်၊ ကကတစ်၇၅၀၀ကျပ်၊ ပုစွန်၁၆၀၀၀ကျပ်၊ ပုစွန်ကြား၂၂၀၀၀ကျပ်၊ ပုစွန်ဘော့ချိတ်၇၅၀၀ကျပ်တို့ဖြင့် ဈေးနှုန်းအသီးသီးရှိပါတယ်။

ပြည်တွင်းရေထွက်ကုန်ဈေးကွက်မှာလည်း ဝယ်လိုအားကောင်းပြီး ဈေးနှုန်းတည်ငြိမ်နေတယ်လို့ သိရပါတယ်။ ငါးဈေးကြီး၂ခုအတွင်းမှ ဈေးသူ/ဈေးသားတွေကို လည်း ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးပြီမို့ ဒီငါးဈေးကြီးနှစ်ခုက ရေထွက်ကုန်တွေကို ရန်ကုန်တိုင်းရှိ မြို့နယ်၃၆မြို့နယ်ကိုလည်း ရန်ကုန်မြို့တော်စည်ပင် ရွှေ့လျားယာဉ်တွေနဲ့ လှည့်လည်ရောင်းချပေးတဲ့အစီစဉ်တွေကိုလည်း ဆောင်ရွက်နေပါတယ်။

မြန်မာ့ရေထွက်ကုန်တွေဟာ ပြည်တွင်းမှာတင် ဖူလုံရုံမက ပြည်ပကိုပါတင်ပို့နေတာပါ။ မြန်မာ့ရေထွက်ကုန်ပစ္စည်းပြည်ပတင်ပို့မှုကနေလည်း နှစ်စဉ်ကန်ဒေါ်လာ သန်းချီနိုင်ငံခြားငွေရရှိခဲ့ပါတယ်။ လက်ရှိ ကိုဗစ်ကာလမှာတော့ ကုန်လမ်းပို့ဆောင်ရေးတွေလချီပိတ်ထားရတာမို့ ရေလမ်းပို့ဆောင်ရေးကိုပဲ အားပြုပို့ဆောင်နေရပြီး ကုန်စည်စီးဆင်းမှုကတော့နှေးကွေးလျက်ရှိနေပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: