> 首页 > MFN

နေပြည်တော်ကို Green ၊ Clean & Smart City လုပ်ဖို့ စီမံကိန်းဆွဲ

ဒေသတွင်‌းခေတ်မှီဖွံ့ဖြိုးတိုးတက်မှုတွေအတွက် မြို့ပြစီမံကိန်းရေးတာတွေ၊ စီမံကိန်းအဆင့်မြှင့်တင်တာတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက လုပ်ဆောင်နေပါတယ်။ အဲဒီစီမံကိန်းတွေထဲမှာ အစိုးရရုံးတွေ အခြေစိုက်ရာ နေပြည်တော်ကို မြို့အင်္ဂါရပ်နဲ့ကိုက်ညီတဲ့ Green City၊ Clean City နဲ့ Smart City အဖြစ်လုပ်ဖို့ မြို့ပြစီမံကိန်းရေးဆွဲနေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။

မြို့ပြစီမံကိန်းရေးဆွဲတာနဲ့ ပတ်သက်ပြီးလည်း စက်တင်ဘာ၂၅ရက်က သက်ဆိုင်ရာဌာနတွေ ပါဝင်တဲ့လုပ်ငန်းညှိနှိုင်းအစည်းဝေးတစ်ခု လုပ်ခဲ့ပါတယ်။“အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်တာနဲ့အညီ မြို့အင်္ဂါရပ်နဲ့ကိုက်ညီဖို့၊ မြန်မာနိုင်ငံရှိမြို့တွေအနက် နေပြည်တော်ကစံပြမြို့တော် ဖြစ်ရမယ်။ ဒါကြောင့်မြို့တော်ကို Green City၊ Clean City နဲ့Smart City မြို့တော်ဖြစ်ဖို့ ပြည်စုံကောင်းမွန်တဲ့မြို့ပြစီမံကိန်းကို နေပြည်တော်စည်ပင်နဲ့ အိုးအိမ်ဌာနတွေက ပူးပေါင်းဆောင်ရွက်တာပါ”လို့နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။ နေပြည်တော်သာယာလှပေစေဖို့ မြို့ပြစီမံကိန်းရေးဆွဲတဲ့လုပ်ငန်းတွေမှာ အဆင့်မြှင့်တင်ရေးကို ပူးပေါင်းဆောင်ရွက်ကြဖို့ ၄င်းကတိုက်တွန်းပြောဆိုထားပါတယ်။ ကုန်ခဲ့တဲ့ဩဂုတ်လကလည်း နေပြည်တော်မှာ လျှပ်စစ်အခြေခံတဲ့ လျှပ်စစ်ဘတ်စ်ကားလုပ်ငန်းတွေ၊ မြို့ပတ်ရထားလမ်းတွေ၊ မြေအောက်ရထားလမ်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း ပြောဆိုထားတာပါ။

အခု Green City၊ Clean Cityနဲ့ Smart City စီမံကိန်းတွေဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောဆိုထားတဲ့စီမံကိန်း အစိတ်အပိုင်းတွေ ဖြစ်နိုင်ပါတယ်။ နေပြည်တော်ကို၂၀၀၆ခုနှစ်က မြို့တော်အဖြစ် တရားဝင်ကြေညာခဲ့တာပါ။ ၂၀၁၉ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းအရ လူဦးရေ ၉၂၅,၀၀၀ခန့်ရှိပြီး၊ ရန်ကုန်နဲ့မန္တလေးပြီးရင် တတိယလူဦးရေ အများဆုံးမြို့ဖြစ်ပါတယ်။ မြို့ရဲ့နေရာ အများအပြားက အစိုးရလူနေအဆောက်အဦးတွေသာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ သမ္မတအိမ်တော်နဲ့ပြည်ထောင်စုအစိုးရအဖွဲ့တွေ တည်ရှိရာမြို့ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်း အထိ ကျဆင်းသွားတယ်လို့ ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ဇူလိုင်လထဲမှာ ခန့်မှန်းထားပါတယ်။ ဒီလိုစီးပွားရေးကျဆင်းနေချိန်မှာ နေပြည်တော်ရဲ့ဖွံ့ဖြိုးရေးအပိုင်း စီမံကိန်းကြီး တွေဟာ လက်တွေ့နဲ့ကင်းကွာလွန်းတယ်လို့ ပြောဆိုဝေဖန်မှုတွေလည်းရှိနေပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: