> 首页 > MFN

ဘုရားဖူး ခရီးသွားများအတွက် ကျိုက်ထီးရိုး ကေဘယ်ရထားများ ပြန်ပြေးဆွဲ

ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ ခုနှစ်၊ မတ်လကထဲက ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် ဖူးမျှော်ခွင့်ကို ပိတ်ခဲ့တာ အခု အောက်တိုဘာ ၁၈ရက် အထိပါပဲ။ ဒီလိုပိတ်ပင်မှုနဲ့အတူ ရသေ့တောင်မှ ကျိုက်ထီးရိုးဆံတော်ရှင် ရင်ပြင်အနီး ဘုရားဖူးခရီးသွားများ သက်သာစွာ သွားလာနိုင်တဲ့ ကောင်းကင်ကေဘယ်ရထားလည်း ရပ်ဆိုင်းခဲ့ရပါတယ်။ လက်ရှိ ပွင့်လင်းရာသီဖြစ်လို့ ဘုရားဖူးခရီးသွားတွေ သက်သက်သာသာ သွားလာနိုင်ဖို့အတွက် ကောင်းကင်ကေဘယ်ရထားကို ကိုဗစ်စည်းကမ်းချက်နဲ့အညီ ပြန်လည်ပြေးဆွဲနေပြီလို့ နိုင်ငံပိုင်သတင်းစာက ဖော်ပြလာတာပါ။

နှစ်စဉ် ကျိုက်ထီးရိုးဘုရားပွဲတော်ကို မြန်မာသက္ကရာဇ် တပို့တွဲလ မှ တန်ဆူးလ အထိ ပုံမှန် သတ်မှတ်ထားတာမို့ သီတင်းကျွတ်လပြည့်မှာ ပြန်လည်ဖွင့်လှစ်လိုက်တဲ့အတွက် ကေဘယ်ရထားပြေးဆွဲမှုကလည်း ပြန်လည်စတင်လာတာ ဖြစ်ပါတယ်။ ကေဘယ်ရထားစီးနင်းသူ ဘုရားဖူးခရီးသည်တွေကို ပိုးသတ်ဆေးဖြန်းတာ၊ အပူချိန်တိုင်းတာအပြင် လက်ဆေးကန်များ ထားရှိပြီး ကေဘယ်တစ်စီး ၈ ဦး ထိ စီးနင်းနိုင်ပါတယ်။

အဆိုပါ ကောင်းကင်ကေဘယ်ရထား တပ်ဆင်ပြေးဆွဲတဲ့ စီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ၂၀၁၅ ခုနှစ်မှာ သစ်တောဦးစီးဌာန၊ ကျိုက်ထီးရိုး တောရိုင်းဘေးမဲ့တော နယ်မြေအတွင်းရှိ မြေ ၁၃ဒသမ၅ ဧက ပေါ်မှာ Sky Asia ကုမ္ပဏီက စီမံကိန်းဆောက်လုပ်ခွင့် ရရှိလုပ်ဆောင်ခဲ့တာပါ။ ကေဘယ်ရထားစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း (၂၀) ရင်းနှီးမြှုပ်နှံထားပြီး ရသေ့တောင်မှ ကျိုက်ထီးရိုးရင်ပြင်အနီးသို့ ပေ ၃၂၅၀ ရှိတဲ့အတွက် ၁၀မိနစ်ခရီးသာ ဖြစ်ပြီးတော့ ကေဘယ် ၄၃ တွဲ နဲ့ ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: