> 首页 > MFN

အဝေးသင် ပညာရေး ပြန်စရန် ကျောင်းအပ်ဖို့ ကြေညာလာ

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ အဝေးသင်ပညာရေး ပြန်လည်စတင်ဖို့ ကျောင်းအပ်လက်ခံနေပြီလို့ ကြေညာနေပါတယ်။ ၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် ဝိဇ္ဇာ၊ သိပ္ပံ အထူးပြု ဘာသာရပ်တွေ ဖြစ်တဲ့ ကျောင်းအပ်ဖို့ ကျန်ရှိနေတဲ့ တက္ကသိုလ်ကျောင်းသား/သူများတွေ ကျောင်းအပ်မှတ်ပုံတင်ဖို့ အတွက် အသိပေး ကြေညာလာတာပါ။ ကျောင်းအပ်လက်ခံမှုရက်မှာ ယနေ့ နိုဝင်ဘာ ၁ရက် ကနေ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် အပါအဝင် နိုဝင်ဘာ ၉ရက်နေ့ အထိ သတ်မှတ်ထားရှိပြီးတော့ ပညာသင်နှစ်တွေအလိုက် ပထမနှစ်ကနေစပြီး ပဉ္စမနှစ်အထိကို လက်ခံပေးနေတယ်လို့ အဆင့်မြင့်ပညာရေးဦးစီးဌာနမှ သိရပါတယ်။

ကျောင်းအပ်လိုတဲ့ ကျောင်းသား/သူတွေက နိုင်ငံတဝန်းရှိ သက်ဆိုင်ရာ အဝေးသင်ဌာနခွဲတွေဖြစ်တဲ့ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ လွိုင်ကော်၊ ဘားအံ၊ ပခုက္ကူ၊ ဟားခါး၊ မုံရွာ၊ ကလေး၊ ရွှေဘို၊ စစ်ကိုင်း၊ ထားဝယ်၊ မြိတ်၊ တောင်ငူ၊ ပြည်၊ ပဲခူး၊ မကွေး၊ ရေနံချောင်း၊ မန္တလေး၊ ရတနာပုံ၊ မိတ္ထီလာ၊ ကျောက်ဆည်၊ တောင်ကုတ်၊ ရန်ကုန်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ တောင်ကြီး၊ ပင်လုံ၊ လားရှိုး၊ ကျိုင်းတုံ၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ် စတဲ့ တက္ကသိုလ်တွေမှာ အပ်နှံနိုင်တယ်လို့ ဆိုထားတာပါ။

၂၀၁၉ ပညာသင်နှစ်က အဝေးသင်တက္ကသိုလ် တက်ရောက်ခဲ့တဲ့ ကျောင်းသား/သူ ခြောက်သိန်းခန့် ရှိခဲ့ပြီးတော့ ဘွဲ့ကြို (Day) တက်ရောက်တဲ့ ကျောင်းသား/သူပေါင်း နှစ်ဆခန့် များပြားခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် ရပ်နားခဲ့ရတာလို့ အဆင့်မြင့်ပညာဦးစီးဌာနမှ သိရပါတယ်။ ဒီလို အဝေးသင်ပညာရေးစဖို့ ကျောင်းအပ်လက်ခံနေသလို တစ်ဖက်မှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ တိုင်းနဲ့ပြည်နယ် ၉ ခု ရှိ မြို့နယ် ၄၆ မြို့နယ် က ကျောင်းတွေမှ လွဲပြီး ကျန်အခြေခံပညာကျောင်းတွေ အားလုံးကို အခု နိုဝင်ဘာ ၁ ရက် က စပြီး ပြန်လည် ဖွင့်လှစ်နေပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: