> 首页 > MFN

ဆရာဝန် ၁၂၀၀ ကျော် လိုအပ်ချက်အတွက် လျှောက်လွှာခေါ်ယူမှု ၂ လထပ်တိုး

ကျန်းမာရေးဝန်ကြီးဌာန အောက် ဌာနနှစ်ခုမှာ ရှိတဲ့ လစ်လပ်နေရာအတွက် လိုအပ်ချက်ရှိနေတဲ့ ဆရာဝန်ပေါင်း ၁၂၀၀ ကျော် ကို လျှောက်လွှာခေါ်ယူတာတွေ လုပ်ဆောင်နေတာပါ။ အဓိကတော့ လစ်လပ်နေရာ ၁၂၀၉ နေရာ အတွက် တာဝန်ထမ်းဆောင်ဖို့ စက်တင်ဘာ ၁၃ ရက် ထဲက စတင် လျှောက်လွှာတွေ ခေါ်ယူခဲ့တာ ဖြစ်ပြီးတော့ အောက်တိုဘာ ၁၃ ရက် အထိ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ လျှောက်ထားလိုတဲ့ ဆရာဝန်တွေအနေနဲ့ ပိုမို လျှောက်ထားလာနိုင်ဖို့အတွက် လျှောက်လွှာပိတ်ရက်ကို ဒီဇင်ဘာ ၃၁ ရက် ထိ ၂ လ ထပ်တိုးပေးခဲ့တယ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြေညာခဲ့တာပါ။

ဒါ့အပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ လက်ခံရရှိတဲ့ လျှောက်လွှာတွေကိုတော့ တစ်လတစ်ကြိမ် စုစည်းပြီး စိတ်အခြေအနေနဲ့ လူတွေ့စစ်ဆေးတာ ပြုလုပ်ကာ ရွေးချယ်ပေးသွားမှာ ဖြစ်သလို ရွေးချယ်ခံရတဲ့ သူများအား နိုင်ငံဝန်ထမ်းသစ်များအဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ ခန့်အပ် တာဝန်ပေးသွားမယ်လို့ သိရပါတယ်။ လစ်လပ်ဆရာဝန်အတွက် တာဝန်ထမ်းဆောင်ရမယ့် နေရာတွေကတော့ ကုသရေးဦးစီးဌာနဲ့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဌာနတို့ ဖြစ်ပြီး စတင်ခန့်ရာထူးဆရာဝန် (သစ်လွင်) / ဆရာဝန် (သွားနှင့်ခံတွင်း) / ဆရာဝန် (သရုပ်ပြ) အဖြစ် အထက်ပါ လစ်လပ်နေရာမှာ တာဝန်ထမ်းဆောင်ရမှာပါ။ လျှောက်ထားလိုသူတွေကတော့ ပြည်ထောင်စုရာထူးဝန်အဖွဲ့နဲ့ Myanmar National Web Protal ရဲ့ website တို့မှာ ဝင်‌ရောက်လေ့လာကာ online မှ လျှောက်ထားနိုင်သလို လူကိုယ်တိုင်ဖြင့်လည်း ပေးပို့လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: