> 首页 > MFN

ရန်ကုန်-ထားဝယ်- မြိတ် - ကော့သောင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲပေးသွားမယ့် ပြည်တွင်း လေကြောင်းလိုင်း ၂ ခု

လက်ရှိမှာ ကိုဗစ်၁၉ ကူးစက်မှု တတိယလှိုင်းအား အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်လာနိုင်ပြီ ဖြစ်လို့ ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား တဆင့်ခြင်း ဖြေလျှော့ပေးလျက် ရှိပါတယ်။ ထို့အပြင် လက်ရှိအချိန်ဟာလည်း မြန်မာနိုင်ငံရဲ့ ပွင့်လင်းရာသီ ဖြစ်တာနဲ့ ခရီးသွားလာမှု ရှိလာနေပြီး ပြည်တွင်းခရီးသွားတွေဟာ ပြည်တွင်းခရီးသွားကားများ အသုံးပြုခြင်းထက် ကိုယ်ပိုင်ယာဉ်များကို ပိုမို အသုံးပြုကြသလို ယခုနောက်ပိုင်းတွင် ကုန်းလမ်းမှ သွားခြင်းထက် လေယာဉ်ခရီးစဉ်ကို ရွေးချယ်လာကြပါတယ်။

ယခုတွင် ပြည်တွင်းလေကြောင်းလိုင်း ၂ခု ဖြစ်တဲ့ MAI နှင့် Air KBZ မှ ထားဝယ်နှင့် မြိတ် ခရီးစဉ်များကို ပြန်လည် ပြေးဆွဲပေးသွားတော့မှာ ဖြစ်ပြီး နိုဝင်ဘာလ ၁၉ရက် နေ့မှ စတင်၍ ထားဝယ်ခရီးစဉ်နှင့် မြိတ်ခရီးစဉ်များကို နေ့စဉ် ပြန်လည် ပြေးဆွဲပေးသွားမယ်လို့ သိရှိရပါတယ်။ ထို့အပြင် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ပြေးဆွဲမည့် ရန်ကုန်-ထားဝယ်-ကော့သောင်း ခရီးစဉ် အပါအဝင် ရန်ကုန်-ထားဝယ် ခရီးစဉ်ကို နေ့စဉ် ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

လက်မှတ် ဝယ်ယူရန်အတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းများရဲ့ Hotline လိုင်းဖုန်းများ၊ လူမှုကွန်ရက်များမှတဆင့် ကိုယ်တိုင် ဆက်သွယ် ဝယ်ယူနိုင်ပြီး ထပ်မံ စုံစမ်း မေးမြန်းလိုပါက သက်ဆိုင်ရာ လေကြောင်းများရဲ့ Facebook Messenger မှ တဆင့်လည်း ဆက်သွယ်နိုင်တယ်လို့ သိရှိရပါတယ်။

ပြည်တွင်း လေယာဉ်စီးခရီးသည်များ အဆင်ပြေ ချောမွေ့စေရေး အတွက်လည်း ခရီးစဉ်မတိုင်မီ ၄၈နာရီ အတွင်း RDT ဖြင့် ကိုဗစ်၁၉ ရောဂါပိုးမရှိကြောင်း ဓာတ်ခွဲစမ်းသပ်ချက်ကို Check-in ဝင်သည့် အချိန်၌ တင်ပြနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ စီစဉ်ထားကာ ခရီးစဉ်မတိုင်မှီ ၄၈နာရီ ထက် နောက်မကျစေဘဲ ကိုဗစ်၁၉ ရောဂါကို လေယာဉ်ကွင်းတည်ရှိရာ သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးများတွင် နေ့စဉ် နံနက် ၉နာရီ မှ ၁၁နာရီ နှင့် နေ့လည် ၁၃း၀၀နာရီ မှ ၁၅း၀၀နာရီ အချိန် အထိ ပိတ်ရက်မရှိ အခမဲ့ စစ်ဆေးဆောင်ရွက်ပေးပါတယ်။

၎င်းအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ဆေး၍ ရောဂါရှာဖွေရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသော ပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများ၊ ဓာတ်ခွဲခန်းများတွင် သတ်မှတ်နှုန်းထားပေး၍ ဓာတ်ခွဲစစ်ဆေးခြင်းများ ပြုလုပ်နိုင်ကြောင်း အသိပေး ကြေညာထားပါတယ်။

မြန်နိုင်ငံအတွင်း ကိုဗစ်၁၉ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေကို ဝန်ကြီးဌာနအပြင် ပုဂ္ဂလိကကဏ္ဍကပါ ကျယ်ပြန့်စွာ လုပ်ဆောင်လာနိုင်တာကြောင့် လူအများရဲ့ နေ့စဉ်သွားလာမှု ပုံမှန်အနေအထားနီးပါး ဖြစ်လာသလို ပွင့်လင်းရာသီ ဖြစ်လာတာကြောင့်လည်း ပြည်တွင်း ခရီးသွားလာမှုအချို့ ရှိလာပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေကလည်း ကျန်းမာရေးဆိုင်ရာ ဖြေလျော့မှုတွေနဲ့ ခရီးသွားလာရေးကဏ္ဍကို ပြန်လည် အသက်ဝင်လာအောင် လုပ်ဆောင်လာနေတာတွေလည်း ရှိလာနေပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: