ပုဂံ ရွှေစည်းခုံဘုရားရှိ ချူအင်လိုင်းတန်ဆောင်းပြုပြင်မွမ်းမံခြင်းစီမံကိန်း စတင်ဆောင်ရွက်ခြင်း အခမ်းအနား ကျင်းပ ပြုလုပ်
ပုဂံရွှေစည်းခုံဘုရားရှိ ချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်း စီမံကိန်း စတင်ဆောင်ရွက်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခြင်းကို ဇန်နဝါရီ ၈ရက် နေ့ က ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးထွန်းအုံ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Mr.Chen Chen၊ ရွှေစည်းခုံစေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ တရုတ်နွယ်ဖွား၊ စီးပွားရေးလောကနဲ့ တရုတ်နိုင်ငံသံရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai မှ အမှာစကား ပြောကြားရာတွင် “လွန်ခဲ့တဲ့ ၆၁ နှစ် ရဲ့ ယနေ့မှာ ရိုသေလေးစား မြတ်နိုးဖွယ်ကောင်းတဲ့ ဝန်ကြီးချုပ် ချူအင်လိုင်းက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်အတွင်း ပုဂံသို့ အထူးတလည် လာရောက်ခဲ့ပါတယ်။ ယနေ့ဟာ ဝန်ကြီးချုပ်ချူအင်လိုင်း ကွယ်လွန်ခြင်း ၄၆နှစ် မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ နယ်ပယ်အသီးသီးနဲ့ အတူ ချူအင်လိုင်း တန်ဆောင်းမှတစ်ဆင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန် ဉာဏ်ပညာနဲ့ ခွန်အားများ ရယူပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း အတူတည်ဆောက်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားရန် ဆန္ဒရှိပါတယ်။ တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်ရဲ့ အတူတကွ ကြိုးပမ်းမှုအောက်မှာ ပြုပြင်မွမ်းမံထားတဲ့ တန်ဆောင်းက ဒေသခံပြည်သူများကို ဝန်ဆောင်မှုပေးရန်အတွက် ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နိုင်မယ်လို့ ယုံကြည်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက အမှာစကား ပြောကြားရာမှာ “မြန်မာနှင့် တရုတ်နိုင်ငံတို့ရဲ့ ခင်မင်ရင်းနှီးမှုဟာ ၁၉၆၁ ခုနှစ် က တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းက ရွှေစည်းခုံဘုရားရှိ ဒီတန်ဆောင်း တည်ဆောက်ရန်အတွက် မြန်မာငွေကျပ် (၅၀၀၀) လှူဒါန်းခဲ့ပြီးနောက်ပိုင်းမှာ ပိုမို ခိုင်မြဲလာခဲ့ပါတယ်။ တရုတ်-မြန်မာ ချစ်ကြည်မှု အရှည်တည်တံ့စေတဲ့ သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံက စီးပွားရေးဆိုင်ရာ အကူအညီနှင့် ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးအတွက် ယခုလက်ရှိ လိုအပ်နေသော နည်းပညာပိုင်းဆိုင်ရာ အကူအညီများကို ပံ့ပိုးပေးနေပါတယ်။ ယခုလို ၂နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတွေဟာ ပုဂံယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရာမှာ အရေးပါပြီး ပူးပေါင်းဆောင်ရွက်ခြင်းမှတဆင့် အနာဂတ်မျိုးဆက်များအတွက် စနစ်တကျ ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုတွေ ပိုမိုလာနိုင်မှာ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး တန်ဆောင်းအား ပြုပြင်မွမ်းမံတဲ့ VISION HI-TECH (Myanmar) ကုမ္ပဏီ တာဝန်ခံ Mr.Zhu Weidong က တန်ဆောင်းပြုပြင်မွမ်းမံရေး ရှင်းလင်းခဲ့ပါတယ်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ရွှေစည်းခုံစေတီတော် ဂေါပကအဖွဲ့ကို နှာခေါင်းစည်း၊ ပိုးသတ်ဆေးရည်၊ အရက်ပြန် စတဲ့ ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်လိုပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူး Mr.Yang Shouzheng က သံရုံးကိုယ်စား ရွှေစည်းခုံစေတီတော် ဂေါပကအဖွဲ့ထံ ကပ်ရောဂါကာကွယ်ရေး ပစ္စည်းများအား လှူဒါန်းပေးအပ်မှုကို စေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်က လက်ခံပေးခဲ့ပြီး မြန်မာနိုင်ငံဘက်လည်း လှူဒါန်းပေးအပ်ခဲ့မှုများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ကာ တက်ရောက်လာသူများ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါတယ်။
ယခု ချူအင်လိုင်း တန်ဆောင်းက တရုတ်-မြန်မာ ချစ်ကြည်ရေးရဲ့ အသိသက်သေနဲ့ ပြယုဂ် ဖြစ်ပါတယ်။ ရာစုနှစ် ထက်ဝက်ကျော် ဖြတ်သန်းခဲ့ပြီးနောက် မြန်မာပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စွာ နားနေနိုင်ရန်အတွက် တရုတ်-မြန်မာ ချစ်ကြည်ရေး အမွေဆက်ခံနိုင်ရေး အခန်းကဏ္ဍကို ဖော်ဆောင်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရွှေစည်းခုံစေတီတော် ဂေါပကအဖွဲ့တို့က ဆွေးနွေးညှိနှိုင်း ပြီးတဲ့နောက်မှာတော့ တန်ဆောင်းကို ပြုပြင်မွမ်းမံပြီး ပြည်သူများ အသုံးပြုနိုင်ရန် ဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်တယ်လို့ သိရှိရပါတယ်။ တရုတ်နိုင်ငံရဲ့ ဝန်ကြီးချုပ် ချူအင်လိုင်း သက်ရှိထင်ရှား ရှိခဲ့စဉ်က မြန်မာနိုင်ငံကို ၉ကြိမ် လာရောက်ခဲ့ဖူးပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအတွက် ဖျောက်ဖျက်၍ မရတဲ့ အကျိုးဆောင်မှုများ ပြုလုပ်ခဲ့ပါတယ်။ ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၈ရက် နေ့မှာ ဝန်ကြီးချုပ် ချူအင်လိုင်း ပုဂံသို့ လာရောက်ခဲ့ပြီး ရွှေစည်းခုံစေတီတော်အတွက် လှူဒါန်းငွေ ထည့်ဝင်ခဲ့ပါတယ်။ အဆိုပါလှူဒါန်းငွေနဲ့ စေတီဘေးမှာ ပြည်သူတွေ နားနေဖို့ ယခုတန်ဆောင်းကို တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။


