ပြည်သူ့ အခွန်သက်ညှာခွင့် အခုလကုန် ရပ်ဆိုင်းမယ်
ကိုဗစ်ကြောင့်အခွန်သက်သာခွင့်ကိုကုန်ခဲ့တဲ့၂၀၂၀ခုနှစ်အတွင်းကတည်းကခွင့်ပြုပေးခဲ့တာပါ။ အခုတော့ရပ်တန့်တော့မယ်လို့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကပြည်သူကိုအသိပေးလာပါတယ်။ အဲ့ဒီအသိပေးချက်အရစီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနပြည်တွင်းအခွန်များဦးစီးဌာနမှပြည်သူများသို့ဥပဒေအရသက်ညှာပေးထားတဲ့အခွန်နှုန်းထားနဲ့ဝင်ငွေအလွှာသတ်မှတ်ချက်တွေကို၂၀၂၂ခုနှစ်မတ်လ၃၁ရက်နေ့အထိပဲခံစားခွင့်ရရှိတော့မယ်လို့ဆိုလာတာပါ။ ဒါကြောင့်စည်းကြပ်မှုကနေလွတ်ကင်းနေတဲ့အခွန်ထမ်းပြည်သူများအနေဖြင့်သက်ဆိုင်ရာအခွန်ရုံးများနဲ့အမြန်ဆုံးဆက်သွယ်ဆောင်ရွက်နိုင်ကြဖို့အသိပေးကြေညာချက်ထုတ်ပြန်ထားပါတယ်။
ဥပဒေအရသက်ညှာပေးထားတဲ့အခွန်နှုန်းထားနဲ့ဝင်ငွေအလွှာသတ်မှတ်ချက်တွေဟာ ၂၀၂၂ခုနှစ်ပြည်ထောင်စုရဲ့အခွန်ကောက်ဥပဒေပုဒ်မ၂၅ပုဒ်မခွဲ(ဂ)အရ လာမယ့်မတ်လ၃၁ရက်နေ့အထိပဲအကျုံးဝင်အကျိုးသက်ရောက်မှာဖြစ်တယ်လို့ဆိုထားတာပါ။ ကိုဗစ်-၁၉ကပ်ရောဂါကြောင့်နှောင့်နှေးနေတဲ့စီးပွားရေးလုပ်ငန်းတွေပြန်လည်တိုးတက်မှုရှိလာစေရေး အားပေးမှုအလို့ငှာ၂၀၂၁ခုနှစ်ပြည်ထောင်စုရဲ့အခွန်ကောက်ဥပဒေမှာစည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ဝင်ငွေတွေအတွက်သက်ညှာသောအခွန်နှုန်းထားတွေအဖြစ်သတ်မှတ်ပြဌာန်းထားခဲ့ပြီးလျော့ချပေးထားခဲ့တာပါ။အခုတော့သက်ညှာခွင့်တွေကိုရပ်ဆိုင်းတော့မှာပါ။ သို့ပေမယ့်၂၀၂၀-၂၀၂၁ခုနှစ်ဘဏ္ဍာနှစ်မှာအခွန်ငွေရရှိမှုကကျပ်၄ဒသမ၇၄၅ ထွီလီယံရရှိခဲ့ပါတယ်။

