> 首页 > MFN

ရိုးရာသင်္ကြန် စည်ကားစွာကျင်းပဖို့ စတင်ပြင်ဆင်

မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော်ဖြစ်တဲ့ မဟာသင်္ကြန် ပွဲတော်ဟာ တစ်မျိုးသားလုံး ပါဝင်ဆင်နွဲနိုင်တဲ့ ပွဲတော်တစ်ခုပါ။ ဒီပွဲတော်ကို မြန်မာ့နှစ်ကူး အနေနဲ့ နှစ်စဉ်နှစ်တိုင်း နီးပါးဆိုသလို မြန်မာ့ယဉ်ကျေးမှုနဲ့ အညီ စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။ သို့ပေမယ့် ကိုဗစ်-၁၉ကြောင့် ၂၀၂၀၊၂၀၂၁(၂)နှစ်မှာ ရပ်တန့်ခဲ့ရတဲ့ အခြေအနေပါ။ အခုလည်း မကြာမီမှာ ကျရောက်မယ့် ၂၀၂၂ခုနှစ်ရဲ့ မြန်မာ့ရိုးရာ နှစ်ကူးသင်္ကြန် ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် အလိုက် ပြင်ဆင်မှုတွေ ပြုလုပ်လာကြပါတယ်။ အထူးသဖြင့် ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်တွေကတော့ သင်္ကြန်ကာလ အသိပေး ကြေညာချက်တွေနဲ့ တွေ့ဆုံ ဆွေးနွေးတာတွေကိုပါ တိုင်း/ပြည်နယ်အဆင့် ပြုလုပ်လာတာပါ။

၂၀၂၂ခုနှစ်အတွက် မဟာသင်္ကြန်ကာလဟာ လာမယ့်ဧပြီ၁၃ရက်နေ့က စတင်မှာဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့နဲ့ဆိုရင် ၅ရက်တာ ကြာမြင့်မှာပါ။ နှစ်ကူးကာလကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်ရမယ့် အစီစဉ်တွေ၊ မြို့နယ်အလိုက် ဗဟိုမဏ္ဏပ်တည်ဆောက်ရေး တွေနဲ့ ရေအသုံးပြုနိုင်ချေ၊ ယိမ်းအက၊ ဖျော်ဖြေရေး၊ လမ်းလျှောက်သင်္ကြန် စတာတွေကို ကြိုတင် ပြင်ဆင်လာတာပါ။ ရန်ကုန်တိုင်း ဒေသကြီးမှာဆိုရင်လည်း မြို့တော်ခန်းမ မဏ္ဍပ်စတင် တည်ဆောက်နေတာ တွေရှိပြီးတော့ မန္တလေးတိုင်းဒေသကြီးမှာ ကျုံးရေကို ရေစုပ်စက်နဲ့ ရေပက်ကစားခွင့် ပြုတာနဲ့ ပတ်သက်ပြီး လိုက်နာဖို့ စည်းကမ်းတွေကိုပါ ထုတ်ပြန်လာပါပြီ။ မန္တလေးကျုံးရေ ရေပက်ကစားခွင့်အတွက် ငွေကျပ်၂သိန်း ကောက်ခံမှာဖြစ်ပြီး စပေါ်ငွေက ၅သောင်းကျပ် စုစုပေါင်း၂သိန်းခွဲနဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကို လျှောက်ထားရမယ်လို့ ဆိုပါတယ်။ မန္တလေးတိုင်းလိုပင် ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေလည်း အသေးစိတ် လိုက်နာရမယ့် စည်းကမ်းချက်တွေကို ဆင့်ကဲဆင့်ကဲ ထုတ်ပြန်နေပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: