> 首页 > MFN

လွယ်လင့်တကူ ဟင်းအမယ်ဖြစ်တဲ့ ဘဲဥ ဈေးက မွေးသူ၊ ရောင်းသူ တွက်ချေကိုက်နေ

အိမ်ထောင်စုတိုင်းဟာ သား၊ငါးတွေလို ဈေးလည်းမကြီးတဲ့ လွယ်လင့်တကူ နည်းမျိုးစုံနဲ့ အချိန်ကုန်သက်သာ စားနေကြတဲ့ ကြက်ဥ၊ ဘဲဥဈေးကလည်း မခေလှပါဘူး။အစစအရာရာ ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ အချိန်ကာလမှာ လူလတ်တန်းစားမရွေး စားသုံးနေကြရတဲ့ ဟင်းအမယ် ဘဲဥက ယခုလဆန်းပိုင်းမှစလို့ ဈေးအမြင့်မှာရှိနေတာပါ။

အဲလို ဈေးအမြင့်မှာရှိနေတဲ့အတွက် ဘဲမွေးမြူသူနဲ့ လက်လီ၊ လက်ကား ရောင်းချနေသူတွေမှာ အဆင်ပြေလျက် ရှိနေတယ်လို့ ဘဲမွေးမြူရေး လုပ်ငန်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တစ်ဦးက ဆိုထားပါတယ်။ အခုလက်ရှိ လက်ကားဈေးကွက်အရ ဘဲဥတစ်လုံး ပေါက်ဈေးဟာဆိုရင် ငွေကျပ်၁၈၀ကျော်မှ စတင်၂၃၀ကျပ်ထိ ရှိသလို လက်လီဈေးကွက်မှာ ဆိုရင်တော့ ဘဲဥ၄လုံး၁၀၀၀ကျပ်၊ ၁၁၀၀၊ ၁၂၀၀ကျပ် အစရှိသဖြင့် အရွယ်အစားပေါ် သတ်မှတ်ကာ အသီးသီး ရောင်းချနေတာတွေ ရှိနေတာပါ။ ဘဲမွေးမြူသူတွေအနေနဲ့ ဒိုင်တွေထံ ပြန်လည် ဖြန့်ဖြူးရာမှာတော့ ဘဲဥ18kgတစ်လုံး ငွေကျပ်၁၇၉ကျပ်၊ 19kgတစ်လုံး ငွေကျပ်၁၈၇၊ 20kgတစ်လုံး၁၉၅၊ 21kgတစ်လုံး၂၀၃ကျပ်၊ 22kgတစ်လုံး၂၁၁ကျပ်၊ 23kgတစ်လုံး၂၁၉ကျပ် သတ်မှတ်ရောင်းချမှု ရှိနေတယ်လို့ သိရပါတယ်။ "မွေးမြူရေးအစာ ဈေးကောင်းနေတယ် ဆိုပေမယ့်။ အရှုံးမရှိနိုင်ပါဘူး"လို့ ဘဲမွေးမြူရေး လုပ်ငန်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ပြည်တွင်း ဘဲမွေးမြူတဲ့ လုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးမှာ အများဆုံး လုပ်ကိုင်ဆောင်ရွက် နေကြသလို ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့မှာလည်း လုပ်ကိုင်ဆောင်ရွက် နေကြတာမို့ ထွက်ရှိတဲ့ဘဲဥများကို ရန်ကုန်တိုင်းဒေသကြီးထံ အဓိကဈေးကွက်အဖြစ် တင်ပို့နေကြတာပါ။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: