ဒီဇယ်ဆီ ၃ သိန်းခွဲနဲ့ လုပ်ငန်းသုံးပစ္စည်းများ သက်သာဈေးနှုန်းနဲ့ ရောင်းလိုသူ စည်ပင် ကမ်းလှမ်းထား
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ဌာနများအလိုက် စက်သုံးဆီအပါအဝင် လုပ်ငန်းသုံးဆိုင်ရာ ပစ္စည်းများစွာ လိုအပ်ချက်ရှိနေတာပါ။ လိုအပ်ချက်ရှိနေတာက ဒီဇယ်ဆီ၃၅၀၀၀၀ဂါလန် ဒါမှမဟုတ် ပရီမီယံဒီဇယ်ဆီ ဂါလန်၃သောင်း အပါအဝင် စည်ပင်ယာဉ်မောင်း အင်္ကျီ၁၅၀၀ထည်၊ ဘောင်ဘီရှည် ၁၅၀၀ထည်၊ လုပ်သားမိုးကာအင်္ကျီ အထည်၃၀၀၀၊ လုပ်သားအင်္ကျီ ဘောင်ဘီအထည်စုံ၅၀၀၀၊ wifi(Access Point) ၁၃၀လုံး၊ စိမ်းလန်းဝတ်စုံ၁၅၅၇၊ မိုးကာအင်္ကျီ၁၅၅၇ထည်စုံ၊ တာပေါ်လင်စ၅၅၀ချပ်၊ ၆၆၀လီတာအမှိုက်ပုံး ပုံး၇၀၀၊ ရွေ့လျားသံ အမှိုက်ကန် အလုံး၃၀တို့ ဖြစ်ပါတယ်။
ဒီပစ္စည်းတွေကို မြန်မာငွေကျပ်နဲ့ ဝယ်ယူလိုကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အကြောင်းကြား ကမ်းလှမ်းလာပါတယ်။ အထက်ပါ စက်သုံးဆီအပါအဝင် ပစ္စည်းများကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်လို့ စိတ်ပါဝင်စားတဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ အနေနဲ့ တင်ဒါလျှောက်လွှာပုံစံများအား ရန်ကုန်မြို့တော်ခန်းမ (ပထမထပ်)ရှိ ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာန၊ ပစ္စည်းဝယ်ယူရေးဌာနစုမှာ ဝယ်ယူလျှောက်ထား နိုင်ပါတယ်။
တင်ဒါလျှောက်လွှာ ပုံစံများကိုတော့ ဇွန်၈ရက်မှ စတင်ရောင်းချပေးမှာဖြစ်ပြီး တင်သွင်းရက်ကိုတော့ ဇွန်၂၂နေ့လယ် ၁၂နာရီအထိ သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။ စိတ်ပါဝင်စားလို့ လျှောက်ထားတင်ပြလာတဲ့ လုပ်ငန်းရှင်များအတွက် တင်ဒါစိစစ်ရွေးချယ်မယ့် ရက်ကိုတော့ ထပ်မံအကြောင်းကြား ပေးမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရပါတယ်။