> 首页 > MFN

ဆီဆိုင်တွေမှာ ဆီပြတ်တာ မမြင်ချင်ဘူးဟု ထုတ်ပြန်၊ ပျက်ကွက်ရင် အရေးယူမယ်လို့ သတိပေး

လက်ရှိအချိန်တွင် ကမ္ဘာ့ရေနံဈေးမြင့်တက်မှုနှင့် အတူပြည်တွင်း ဆီဈေးများလည်း ဆက်လက်မြင့်တက်နေပြီး ဆီလိုအပ်ချက်ကို မဖြန့်ဖြူးနိုင်ဘဲ ပြည်ပတင်သွင်းမှုများတွင်လည်း နိုင်ငံခြားငွေ ဒေါ်လာပေးခြေမှုကို ပြည်ပမှ တင်သွင်းသော ဆီလုပ်ငန်းရှင်များအပေါ် လုံလောက်စွာ ပံ့ပိုးနိုင်ခြင်း မရှိသေးချိန် ဖြစ်ပါတယ်။

ထို့အချိန်မှာပဲ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီများသာမက အသေးစားအလတ်စား (SME)ဆိုင်များကိုပါ စက်သုံးဆီမပြတ်လပ်ဖို့ စီစဉ်ကြရန် ဇွန်၁၂ရက်နေ့ နေ့စွဲနဲ့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း (MPTA)က ထုတ်ပြန်လာပါတယ်။

MPTAအတွင်းရေးမှူး လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ အဲဒီသတိပေးစာမှာတော့ စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်မယ့် အခြေအနေတွေ ဖြစ်ပေါ်ပါက အချိန်နဲ့တပြေးညီ ဆက်သွယ်တင်ပြဖို့ ညွှန်ကြားထားသလို ဆီပြတ်လပ်မှု မဖြစ်ပေါ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ စက်သုံးဆီဆိုင်တွေကို ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက ထိုက်သင့်တဲ့အရေးယူမှု ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။

    စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေကတော့ အခုကြေညာချက်ဟာ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းအပေါ် အများကြီး ဖိအားပေးမှုတွေ ရှိလာတဲ့ပုံစံဖြစ်နေပြီး နစကအနေနဲ့ စက်သုံးဆီ အလွယ်တကူ ဝယ်ယူနိုင်အောင် အရင်ဆုံး စီမံဆောင်ရွက်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

ထို့အပြင် ဆီလိုအပ်ချက်များ မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို တိကျသော မူဝါဒမရှိဘဲ ယခုကဲ့သို့ လုပ်ကိုင်နေခြင်းသည် SMEဆီဆိုင်တွေအပေါ် ကူရာမရောက်ဘဲ ပိုနှစ်ရာ ရောက်နေတယ်လို့လည်း ထောက်ပြပြောဆို နေသလို ဆီမရှိလို့ မရောင်းတာကို ချောင်ပိတ်တဲ့ တင်းကျပ်မှုပုံစံလို့လည်း ဆိုပါတယ်။ ဒါကြောင့် ဆီလုံလောက်အောင် ခွဲဝေချထားပေးစေလိုပြီး ဆိုင်ကြီးတွေပြီးမှ SMEဆိုင်လေးတွေ အလှည့်ဆိုရင်တော့ မိမိတို့‌မည်ကဲ့သို့ စီးပွားရေးဆက်လုပ်ရမည်ကို မသိတော့ကြောင်းလည်း SMEဆီဆိုင်လုပ်ငန်းရှင် အသိုင်းအဝိုင်းက တူညီစွာ ထောက်ပြပြောဆို နေပါတယ်။

MPTAက ညွှန်ကြားခဲ့မှုတွင် မည်ကဲ့သို့ အရေးယူမည်ကိုတော့ တိတိကျကျ မထုတ်ပြန်ထားသလို လိုင်စင်သိမ်းခြင်းအပြင်၊ မြန်မာ့ရေနံ လုပ်ငန်းဥပဒေဖြင့် အရေးယူမည်လားကိုတော့ ယနေ့အချိန်အထိ မထုတ်ပြန်သေးပါဘူး။


郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: