> 首页 > MFN

YBS ယာဉ်မောင်းဖို့ အထူးယာဉ်မောင်းသင်တန်း လျှောက်ဖို့ ကမ်းလှမ်း

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBSယာဥ်တွေ မောင်းနှင်းဖို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ဖိတ်ခေါ်နေပါတယ်။ မောင်းနှင်လိုသူတွေကို အထူးသင်တန်း ၁လပေးမှာဖြစ်ပြီး လျှောက်ထားကြဖို့ ဖိတ်ခေါ်ထားတာပါ။

အဲဒီဖိတ်ခေါ်မှုအရ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လိုက်နာတဲ့ ယာဉ်မောင်းတွေ လေ့ကျင့်မွေးထုတ် ပေးနိုင်ရေးနဲ့ YBSယာဉ်လိုင်းတွေ တိုးချဲ့ပြေးဆွဲ နိုင်ရေးတွေအတွက် ရည်ရွယ်တာလို့ သိရပါတယ်။ ဒီအပြင် ကျွမ်းကျင်ယာဉ်မောင်းများ ဖြည့်ဆည်း ပေးနိုင်ရေးအတွက်ပါ ရည်ရွယ်ပြီး ဒီအစီစဉ်ကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ(YRTC)တို့ ပူးပေါင်းဆောင်ရွက်တာပါ။

ဒီလိုပူးပေါင်းမှုနဲ့ အထူးယာဉ်မောင်း သင်တန်းကိုလည်း အခုနှစ်ဇူလိုင်လ ဒုတိယအပတ်မှာ ဖွင့်လှစ်ပို့ချသွားမယ်လို့ သိရပါတယ်။ သို့ပေမယ့် အဆိုပါ ယာဉ်မောင်းသင်တန်း လျှောက်ထားလိုသူဟာ အနိမ့်ဆုံးတော့ အခြေခံပညာ အလယ်တန်းအဆင့်တော့ အောင်မြင်ရမှာဖြစ်တဲ့အပြင်၊ (ခ)လိုင်စင် အနည်းဆုံး၃နှစ် သက်တမ်း ရှိရမှာဖြစ်ပြီး‘င’လိုင်စင်ရှိသူတွေလည်း လျှောက်ထားနိုင်ပါတယ်။ အသက်၂၃နှစ်ကနေ အသက်၅၅နှစ်အတွင်းရှိ အတွေ့အကြုံရှိသူ မည်သူမဆို YRTCရန်ကုန်ရုံးမှာ ဖောင်ရယူ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: