> 首页 > MFN

ရန်ကုန် အထင်ကရ ၃ နေရာရှိ လမ်းများလမ်းပိတ်/လမ်းလွှဲများလုပ်မယ်

ရန်ကုန်မြို့ရဲ့ အထင်ကရနေရာ ၃နေရာမှာ လမ်းပိတ်၊ လမ်းလွှဲများ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှ သိရပါတယ်။ အဲဒါတော့ လာမယ့် ဇူလိုင်၁၉ရက်မှာ ကျရောက်မယ့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကြောင့် အထင်ကရ နေရာတွေဖြစ်တဲ့ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်နဲ့ အတွင်းဝန်ရုံးအနီးတို့ရှိ လမ်းများကို ခေတ္တယာယီ ပိတ်သွားမှာပါ။

အခမ်းအနား ကျင်းပမယ့် ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်ကို ဇူလိုင်၁၉ရက် နံနက်၄နာရီမှ အခမ်းအနား ပြီးဆုံးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်းမှ ရေတာရှည် လမ်းဟောင်းထိ လည်းကောင်း၊ ဓမ္မစေတီလမ်းမှ ဦးဝိစာရ- ဓမ္မစေတီလမ်းဆုံ၊ အင်းယားမြိုင် လမ်းဆုံထိလည်းကောင်း၊ အာဇာနည်လမ်းမှ အနောက်ရွှေဂုံတိုင်လမ်းနဲ့ ဦးဝိစာရ လမ်းဆုံထိလည်းကောင်း၊ အာဇာနည်လမ်းကနေ ဦးထောင်ဘိုလမ်းနဲ့ အာဇာနည်လမ်းဆုံထိ လည်းကောင်း၊ ဦးဝိစာရလမ်းဖြစ်တဲ့ ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ- ဓမ္မစေတီလမ်းဆုံအပြင် ရွှေတိဂုံဘုရား အနောက်ဘက် (သွေးဆေးကန်) လမ်းတို့ကို ခေတ္တပိတ်သွားမှာ ဖြစ်တာကြောင့် လမ်းပိတ်/လမ်းလွှဲများ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒါအပြင် ဗိုလ်ချုပ်ပြတိုက် ဖွင့်လှစ်မယ့်နေရာမှာတော့ ဇူလိုင်၁၉မှ ၂၁ရက်နေ့ နံနက်၅နာရီမှ ညနေ၆နာရီအထိကို နတ်မောက်လမ်း၊ ဝင်္ကဘာလမ်း၊ ဖိုးစိန်လမ်းဆုံ၊ ဗိုလ်ချုပ်ပြတိုက်လမ်းနဲ့ ငါးထပ်ကြီးဘုရားလမ်းဆုံ၊ ရွှေကြက်ယက်လမ်း၊ စောမဟာလမ်းဆုံတို့ကို ခေတ္တပိတ်သွားမှာ ဖြပါတယ်။

အလံတင် အခမ်းအနားကျင်းပမယ့် အတွင်းဝန်ရုံးကိုလည်း ဗိုလ်ချုပ်ပြတိုက်နည်းတူ နေ့ရက်အချိန် သတ်မှတ်ထားရှိပြီးတော့ သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံထိ လည်းကောင်း၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်း လမ်းဆုံထိလည်းကောင်း၊ မဟာဗန္ဓုလမ်းမှ ပန်းဆိုးတန်း လမ်းထိလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းမှ ကုန်သည်လမ်းဆုံ ထိလည်းကောင်း အသီးသီးလမ်းပိတ်သွားမှာပါ။ ဒါကြောင့် ယာဉ်မောင်းသူများ အနေနဲ့ အခမ်းအနားများ ပြုလုပ်ကျင်းပနေစဉ်အတွင်း လမ်းပိတ်၊ လမ်းလွှဲများကြောင့် အခြားသင့်လျော်သော လမ်းများမှ မောင်းနှင်ကြဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: