ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်များတွင် နိုင်ငံသားများနှင့် စီးပွားရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများနှင့် ပူပေါင်းလုပ်ဆောင်ရန် ဖိတ်ခေါ်
စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ စိတ်ပါဝင်စားသော မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် စီးပွားရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ အတွက် ပူးပေါင်းလုပ်ဆောင်မှု သဘောတူစာချုပ် (JOA)အရ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်းတွင်းပိုင်းလုပ်ကွက်များတွင် တူးဖော်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းညှိနှိုင်း လုပ်ဆောင်ရန် တင်ဒါခေါ်ယူ ထားတယ်လို့ သိရှိရပါတယ်။
အဆိုပါ တင်ဒါအောက်တွင် သတ်မှတ်ထားသော နေရာများမှာ မဟူတောင်နယ်မြေ (PSC-Dဘလောက်)၊ ကျောက်ကောင်း- လက်ပန်တိုနယ်မြေ (RSF-1)၊ ဧရာဝတီနယ်မြေ (IOR-1)၊ ရေနံမနယ်မြေ (RSF-8)၊ ပြည်လမ်း(IOR-4)၊ မြောင်းမြခရိုင် (IOR-6)၊ ရွှေပြည်သာနယ်မြေ (IOR-7)၊ ရေဖြူနယ်မြေ (MOGE5)၊ ညောင်တုန်း (MOGE-5)နှင့် မအူပင်နယ်မြေ (MOGE-5) တို့ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စိတ်ဝင်စားသူများ အနေဖြင့်မိမိတို့ ကုမ္ပဏီနှင့် သက်ဆိုင်သည့် စာရွက်စာတမ်း အထောက်အထားများနှင့် လွန်ခဲ့သည့် သုံးနှစ်အတွင်း ဘဏ္ဍာရေးရှင်းတမ်း သို့မဟုတ် ဘဏ္ဍာရေး အစီရင်ခံစာတို့နှင့်အတူ တင်သွင်းရမည်ဖြစ်ပြီး အသေးစိတ်အချက် အလက်များနှင့် လိုအပ်သေ ာစာရွက်စာတမ်းများကို စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းညွှန်ကြားရေး မှူးချုပ်ထံသို့ ၂၀၂၂ခုနှစ်သြဂုတ်လ ၁၂ရက်နေ့ နေ့လယ်ထက်နောက် မကျစေဘဲ ပေးပို့နိုင်တယ်လို့ သိရှိရပါတယ်။
ထို့အပြင် ၂၀၂၂ခုနှစ် ဇူလိုင်လ၂၆ရက်နေ့ မွန်းလွဲ၁နာရီတွင် နေပြည်တော်၌ ကျင်းပမည့် တင်ဒါစည်းကမ်း သတ်မှတ်ချက်များ ရှင်းလင်းပွဲတွင် တင်ဒါစည်းကမ်း သတ်မှတ်ချက်များကို လေ့လာနိုင်မယ်လို့ ဆိုပါတယ်။
ရေနံနှင့်သဘာဝ ဓာတ်ငွေ့စီမံကိန်း ဦးစီးဌာနသည် ဆန်ကာတင် လျှောက်ထားသူများ (မြန်မာနိုင်ငံသားများနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များ၊ စီးပွားရေး အဖွဲ့အစည်းများ) အတွက် JOAစည်းမျဉ်း စည်းကမ်းများကို ရှင်းပြမှာဖြစ်ပြီး MOGEမှ ကျွမ်းကျင်သူများသည် ၎င်းတို့အတွက် သတ်မှတ်ထားသော လုပ်ကွက်များ၏ ဘူမိဗေဒဆိုင်ရာ ရှုထောင့်များကိုလည်း ရှင်းလင်းပေးမယ်လို့ သိရှိရပါတယ်။
အသေးစိတ် သိရှိလိုပါက ဆန်ခါတင်လျှောက်ထား သူများသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ဆက်သွယ်ရန် ဖုန်းနံပါတ် (၀၆၇၃၄၁၁၀၄၆၊ ၀၆၇၃၄၁၁၂၁၃)နှင့် oilandgasplanning department@gmail တို့ကို အီးမေးလ်ပေးပို့နိုင်တယ်လို့ သိရှိရပါတယ်။