> 首页 > MFN

ရန်ကုန်ရဲ့ ဂျပန်ကျ စက်ဘီး ဈေးကွက် ဈေးအမြင့်နဲ့သာ အရောင်းအဝယ်ဖြစ်နေ

မြို့ကြီး၊ ပြကြီးတွေ၊ ဆင်ခြေဖုံးမြို့နယ်တွေအပြင် ကျေးရွာတွေမှာလည်း အနီးအနားသွားလာရာမှာ အသုံးပြုတဲ့ စက်ဘီးဈေးကလည်း အခုကာလ ပေါက်ဈေးအရ မခေလှပါဘူး။

ပင်လယ်ရေကြောင်းမှ ဂျပန်ကျ စက်ဘီးအများစုကို ပြည်တွင်းဈေးကွက်ကို တင်သွင်းနေရသလို ထိုင်း၊ တရုတ်နယ်စပ် လမ်းကြောင်း ဂိတ်တွေကနေတစ်ဆင့်လည်း စက်ဘီးအပို ပစ္စည်းအများစုကို တင်သွင်းရတဲ့ အခြေအနေလို့ စက်ဘီးတင်သွင်း ရောင်းဝယ်လုပ်ငန်း ရှင်တွေထံက သိရပါတယ်။

အခုရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာတော့ Used Bicycle ဂျပန်ကျစက်ဘီး အများစုဟာ ဈေးအမြင့်နဲ့ ရပ်တည်နေပြီးတော့ အရောင်းအဝယ် သွက်နေတယ်လို့ စက်ဘီးရောင်းဝယ် ဖြန့်ဖြူးရေး လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

“ဂျပန်ကျ စက်ဘီးအများစုကို ကျွန်တော်တို့က ပြန်ဝယ်ယူပြီး ပြုပြင်ရတယ်။ အဲဒီမှာစက်ဘီးအပို ပစ္စည်းဈေးနှုန်းကျတော့ မူရင်းဂျပန်ရှိတယ်။ တရုတ်ရှိတယ်၊ ထိုင်းပစ္စည်းရှိတယ် ၃မျိုး၃စားပေါ့နော် အဲဒီမှာ ဈေးနှုန်းအမျိုးမျိုး ကိုယ်တတ်ရင် တတ်နိုင်သလောက် ငွေကြေးသုံးပြီး ဝယ်လို့ရတယ်။ အခုဒေါ်လာ ဈေးကလည်း တက်တော့ ဂျပန်စက်ဘီးဈေးကလည်း ဈေးကအမြင့်မှာပဲ ရှိနေတယ်။ ဒါပေမယ့်လည်း အရောင်းအဝယ်ကတော့ သွက်နေတယ်”လို့ ၎င်းကဆိုပါတယ်။

ဂျပန်ကွန်တိန်နာကျ တစ်ပတ်ရစ် စက်ဘီးများကိုတော့ ပြည်တွင်းမှာ ပြန်လည်တပ်ဆင်ကာ ရန်ကုန်တိုင်းဒေသကြီးမှ တစ်ဆင့်မန္တလေး၊ မော်လမြိုင်အပါအဝင် နိုင်ငံတဝန်းသို့ ပြန်လည်ဖြန့်ဖြူး ပေးနေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ယင်းစက်ဘီးများနဲ့ စက်ဘီးအပိုပစ္စည်းအများစုကို ပြည်ပမှ အမေရိကန်ဒေါ်လာနဲ့သာ ပေးသွင်းရတဲ့အတွက် ပြင်ပဒေါ်လာ ပေါက်ဈေးမှာလည်း တစ်ဒေါ်လာကို ၂၁၀၀ကျပ်အထက်မှာ ဈေးမြင့်ရှိနေလို့ စက်ဘီးဈေးနှုန်းတွေလည်း မြင့်တက်နေရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ယခင်က ဂျပန်အကျ ပြည်တွင်းပြန်လည် ပြုပြင်တပ်ဆင် ပြီးသားဆိုက်၂၆၊ ဆိုက်၂၇စက်ဘီး တစ်စီးကို ငွေကျပ်၄သောင်း၊ ၅သောင်းနဲ့ ၆သောင်းကျော်သာ ရှိခဲ့ပေမယ့် အခုပေါက်ဈေးမှာတော့ ငွေကျပ်၈သောင်းကျော်၊ ၉သောင်း၊ ၁သိန်း၊ ၁သိန်းကျော်မှာ အစားအစား ရှိနေတယ်လို့ သိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: