> 首页 > MFN

YBS ယာဉ်လိုင်း ၆ လိုင်းပုံသေယာဉ်စီးခနှုန်းမှ ခရီးအကွာအဝေးစနစ်နဲ့ ကောက်ခံမယ်

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရဲ့ ထိန်းချုပ်မှု အောက်မှာရှိတဲ့ YUPT PUBLIC CO.,LTD က ယာဉ်လိုင်းများအနက်မှ ယာဉ်လိုင်း၆လိုင်းကို ခရီးအကွာအဝေးစနစ်နဲ့ ယာဉ်စီးခ ပြောင်းလဲကောက်ခံ တော့မှာပါ။

အဲဒီ ယာဉ်လိုင်းတွေကတော့ YBS2၊ YBS3၊ YBS4၊ YBS24၊ YBS28နဲ့ YBS110 ယာဉ်လိုင်းတွေ ဖြစ်တယ်လို့ YUPT ကုမ္ပဏီက အများပြည်သူထံ အသိပေး ကြေညာလာတာ ဖြစ်ပါတယ်။

ယခင်ပုံသေ ယာဉ်စီးခ (Flat Fare)မှ ယခုခရီးအကွာအဝေးဖြင့် ကောက်ခံမည့် ယာဉ်စီးခ (Distance Fare) အဖြစ်သို့ ပြောင်းလဲ ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ယာဉ်လိုင်းများမှာ YPSစက်များကို အတက်၊ အဆင်း နေရာတွေမှာ တပ်ဆင်ထားပြီး ဖြစ်တာမို့ အတက်တစ်ကြိမ်၊ အဆင်းတစ်ကြိမ် ကတ်ဖြတ် ပေးရမှာဖြစ်ပြီး ယာဉ်ကောက်ခံမှု နှုန်းထားအရ ဂိတ်စမှ ခရီးစဉ်တစ်ဝက် ၂၀၀ကျပ်၊ ခရီးစဉ်တစ်ဝက်မှ ဂိတ်ဆုံး၂၀၀၊ ဂိတ်စ/ဂိတ်ဆုံး ၄၀၀ကျပ် သတ်မှတ်ထားပြီး ငွေသားနဲ့လည်း ပေးစီးနိုင်တယ်လို့ သိရပါတယ်။

YPSကတ်နဲ့ ခရီးစဉ်စ/ဆုံး အသုံးပြုပေးချေပါက သတ်မှတ် ယာဉ်စီးနှုန်းထက် ၅ရာခိုင်နှုန်း လျှော့ချပေးမှာဖြစ်လို့ ၃၈၀ကျပ်နဲ့သာ ယာဉ်လိုင်းကုမ္ပဏီမှ ပြောင်းလဲကောက်ခံ သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ထပ်မံပြီးလည်း ယာဉ်စီးခနှုန်းထားများ ပြောင်းလဲမယ့် ယာဉ်လိုင်းများလည်း ရှိနေသေးတယ်လို့ YUPT PUBLIC CO.,LTD မှ သိရပါတယ်။

YUPT (ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး) ကုမ္ပဏီမှာ ယာဉ်လိုင်းပေါင်း ၂၀ကျော်ရှိပြီး ယာဉ်အစီးရေ ၁ထောင်ကျော်နဲ့ ဝန်ဆောင်မှု ပေးနေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးတွင်းမှာတော့ YRTCရဲ့ ကြီးကြပ်မှုနဲ့ YBSယာဉ်လိုင်း၁၁၆လိုင်း၊ ယာဉ်စီးရေ-၃၁၀၀ကျော်၊ ခရီးသည် ၁၁သိန်းကျော်ကို နေ့စဉ် ဝန်ဆောင်မှု ပေးနေတယ်လို့ သိရပါတယ်။


郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: