> 首页 > MFN

မျိုးရိုးဗီဇပြောင်းBA 4 နှင့် BA 5 ကြောင့် အိမ်နီးချင်းနိုင်ငံများ၏ အခြေအနေအပေါ်မူတည်ကာ ပြည်တွင်း ဝင်ထွက်ဂိတ်များရဲ့ လုပ်ငန်းစဉ်တွေကို အလျော့အတင်း လုပ်ဆောင်နေရ ဟုဆို

ပြည်ပမှ ဝင်ရောက်လာသူအချို့မှာ အိုမီခရွန်မျိုးရိုး ဗီဇပြောင်းပိုး BA4၊BA5 တွေ့ရှိခဲ့တာကြောင့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတ်မှတ်ချက်များကို နိုင်ငံအလိုက် ဖြစ်ပွားမှု အခြေအနေအရ အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်သတ်မှတ်လျက် ရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနမှ သိရှိရပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက“နိုင်ငံတကာ ခရီးသွားများမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ကိုဗစ်၁၉ရောဂါနှင့် သူ့ရဲ့မျိုးရိုးဗီဇပြောင်း ရောဂါပိုးများ ဝင်ရောက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များ၊ လတ်တလော ဖြစ်ပွားမှု များပြားနေတဲ့ ထိုင်းနိုင်ငံနယ်စပ်ဂိတ်များ အပါအဝင် နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသူများအတွက် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကို အိမ်နီးချင်းနိုင်ငံတွေမှာ နယ်စပ်မှာဆက်စပ်လေ့ရှိတဲ့ နိုင်ငံတွေရဲ့ ဖြစ်ပွားမှုအခြေအနေ၊ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားမှုအခြေအနေတွေ အပေါ်မူတည်ပြီး လုပ်ငန်းစဉ်တွေကို အလျော့အတင်း လုပ်တာကို အချိန်နဲ့တပြေးညီ Updateလုပ်ပြီး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါတယ်”လို့ နိုင်ငံပိုင်မီဒီယာနှင့် အင်တာဗျူးတစ်ခုမှာ ပြောဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (SOP)အဖြစ် ကုန်လွန်ခဲ့ဇွန်၁၅ရက်က နယ်စပ်ဝင်ထွက် ဂိတ်များအတွက် လုပ်ငန်းစဉ်တစ်ခု၊ ခရီးသည်တင် လေကြောင်းလိုင်းတွေအတွက် လုပ်ငန်းစဉ်တစ်ခု၊ ကယ်ဆယ်ရေးလေယာဉ်များဖြင့် လိုက်ပါသူတွေအတွက် လုပ်ငန်းစဉ်တစ်ခု စတဲ့လိုက်နာရမယ့် လုပ်ငန်းစဉ်၃ခုကို ထုတ်ပြန်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရှိရပါတယ်။

လက်တလောတွင်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကိုဗစ်-၁၉မျိုးဗီဇသစ် ကူးစက်မှုနှုန်း မြင့်တက်နေသည့်အတွက် မြန်မာပြည်သူများ အနေဖြင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းထားပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးအိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ်ဖြစ်သည့် BA.4နှင့်BA.5သည် လက်ရှိတွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကူးစက်မှုနှုန်း မြင့်မားနေပြီး မြန်မာ့အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၊ ဂျပန်၊ အိန္ဒိယ၊ စင်ကာပူစသည့် နိုင်ငံများတွင်ပါ ကိုဗစ်၁၉ ကူးစက်နှုန်း အဆမတန် မြင့်တက်လာနေကာ သေဆုံးသူလည်း ဒါဇင်နှင့်ချီ၍ ရှိနေပါတယ်။

ဒါကြောင့် မျိုးဗီဇပြောင်း အိုမီခရွန်နှင့်၎င်း၏ မျိုးစိတ်အသစ်တို့ဟာ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံခြင်းဖြင့်သာ ကာကွယ်နိုင်မယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနမှ ပြောဆိုထားပါတယ်။

လက်ရှိတွင် ကိုဗစ်-၁၉ရောဂါ မျိုးစိတ်သစ် ကူးစက်မှုဟာ တစ်ကျော့ပြန် ပြန်လည်မြင့်တက် လာနေသည့်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အပါအဝင် ဒေသတွင်း အစိုးရများနှင့် ကျန်းမာရေးအဖွဲ့အစည်းများက သတိပေးမှုများ လုပ်ဆောင်နေပြီး၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ယခုသီတင်းပတ် အပါအဝင်ပြီးခဲ့သည့် သီတင်းပတ်(၂)ခုအတွင်း (၃)ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း WHOက အသိပေးထားပါတယ်။


郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: