> 首页 > MFN

ရန်ကုန်ဈေးကွက် တိုက်ရိုက်ရောင်းနေတဲ့ ဧရာဝတီထွက် ကွမ်းရွက် ဈေးတက်

ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်းထွက် ကွမ်းရွက်ဟာဆိုရင် စိုက်ရာသီအပြီး ရန်ကုန်မှာ ဈေးကွက်ကုန်သွယ်မှု ရှိနေပါတယ်။ ယင်းဒေသမှာ ကွမ်းစိုက်ပျိုးမှုဟာဆိုရင် တောင်သူတစ်ဦးကို တစ်ဧကမှ၅ဧကအထိ စိုက်ပျိုးကြပြီး ထွက်ရှိလာတဲ့ ကွမ်းရွက်တွေကို ဈေးအမြင့်မှာသာ ရရှိနေတာပါ။

“အခုကွမ်းရွက်ဈေးက တက်လာပါတယ်။ ရန်ကုန်ဈေးကွက်က မှာယူမှု များလာတာကြောင့်ပါ။ နောက်ပြီး ဒေသအချို့ စိုက်ပျိုးခဲ့တဲ့ ကွမ်းပင်တွေက ကုန်ခဲ့တဲ့ ဇွန်လမှာ သဘာဝဘေးကြောင့် ပျက်စီးခဲ့တာတွေလည်း ရှိခဲ့တယ်။ စိုက်စရိတ်၊ လုပ်သားခ မြင့်လာ တာတွေကြောင့်ပါ”လို့ မော်လမြိုင်ကျွန်း မြို့နယ်ကွမ်းရွက် ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

အဲဒီဒေသက ကွမ်းစိုက်ပျိုးမှုဟာ ပုံမှန်တစ်နှစ်ပတ်လုံး စိုက်ပျိုးမှုမဟုတ်ဘဲ ဈေးကွက်တွက်ချက် စိုက်ပျိုးတာဖြစ်လို့ စက်တင်ဘာ၊ နိုဝင်ဘာလတွေမှာ တစ်ကြိမ်စီ စိုက်ပျိုးပြီး ၂လခွဲ၃လဝန်းကျင်မှာ ကွမ်းရွက်စခူးပြီး ဈေးကွက်ထံ တင်ပို့ရောင်းချတာ ဖြစ်တယ်လို့ သိရပါတယ်။

ကွမ်းရွက် ပေါက်ဈေးကတော့ ကွမ်းကြမ်းတစ်ပိဿာကို ငွေ၄၅၀၀ကျပ်၊ ကွမ်းချောတစ်ပိဿာကို ၆၅၀၀အထိ ဈေးရှိနေပြီး ကုန်ခဲ့တဲ့ဇွန်လမှာတော့ ကွမ်းကြမ်းတစ်ပိဿာ ၂၈၀၀ကျပ်၊ ကွမ်းချောတစ်ပိဿာ ၄၀၀၀ကျပ် ဈေးသာရှိခဲ့တယ်လို့ သိရပါတယ်။

ကွမ်းပျိုးပင် (၁)ပင်လျှင် (၃၅၀-၄၀၀)ကျပ် ပေးဝယ်ရပြီး တစ်ဧကလျှင် ကွမ်းပင်(၃၀၀၀)ခန့် စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးပြီး (၄)လခန့်အရွယ်တွင် ခူးဆွတ်နိုင်ပြီး အစမ်းခူးသည့်အချိန်တွင် ပိဿာ(၄၅-၅၀)ထွက်ရှိပြီး တစ်နှစ်ကျော်လျှင် အထွက်နှုန်း တိုးလာပြီး ပိဿာ(၂၀၀-၂၅၀)အထိ ထွက်ရှိပါသည်။

ကွမ်းကို မြန်မာနိုင်ငံ မန္တလေးတိုင်းအလယ်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းမှာ အဓိကထား စိုက်ပျိုးကြပြီး မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင် စိုက်ပျိုးမှုတွေလည်းရှိသလို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ (၂)မျိုးခွဲ စိုက်ပျိုးကြပြီး မိုးစိုက်မှာ ပိုးကျလွယ်တာကြောင့် ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံအနေနဲ့ ကွမ်းယာစားသုံးမှုဟာဆိုရင် နေ့စဉ်နေ့တိုင်း လူဦးရေ၇သန်းကျော်မှာ ရှိနေတယ်လို့ ကျန်းမာရေး စစ်တမ်းတစ်ခုမှ သိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: