> 首页 > MFN

မြန်မာ့ တတိယအကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာ Ooredoo ဈေးကွက်မှ ထွက်ခွါရန်ပြင်ဆင်

မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး အော်ပရေတာတစ်ခုဖြစ်ပြီး ကာတာနိုင်ငံ အခြေစိုက် တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Ooredoo ကုမ္ပဏီက မြန်မာနိုင်ငံ၌ ၎င်းတို့၏ ရှယ်ယာများကို ရောင်းချပြီး ဈေးကွက်မှ ထွက်ခွါရန် ပြင်ဆင်လျက်ရှိကြောင်း မြန်မာကုမ္ပဏီ(၂)ခု အပါအဝင် စင်ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုတို့ဖြင့် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

၂၀၁၄ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ လုပ်ငန်းစတင် ဆောင်ရွက်ခဲ့တဲ့ Ooredooသည် ၂၀၂၀ပြည့်နှစ်တွင် သုံးစွဲသူပေါင်း ၁၅သန်းနီးပါး ရှိခဲ့ကာ ဝင်ငွေအမေရိကန်ဒေါ်လာ ၃၃၀သန်းခန့်ရရှိခဲ့ပြီး ၂၀၂၂ခုနှစ်တွင် သုံးစွဲသူပေါင်း ၉သန်းသာ ကျန်ရှိတော့တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

အဆိုပါ သတင်းတွေနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း Ooredooရဲ့ သတင်းရင်းမြစ် တစ်ခုက MFNရဲ့ သီးသန့်မေးမြန်းမှုကို ပြောပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: