> 首页 > MFN

ရန်ကုန် - မန္တလေး အမြန်လမ်းပေါ် စစ်ဆေးရေး စက်များတိုးချဲ့စီစဉ်ပြန်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျောက် ရဲစခန်း၁၁ခုက အမြန်နှုန်းတိုင်းတာတဲ့ စက်တွေနဲ့ ကီလိုကျော်မောင်းနှင်းနေမှုကို မှတ်တမ်းယူတာ အရေးယူတာတွေ နေ့စဉ်ဆောင်ရွက်လျက် ရှိနေပါတယ်။

အခုထပ်မံပြီး ကီလိုကျော်မောင်းနှင်းနေတဲ့ မော်တော်ယာဉ်တွေကို ထပ်တိုးဖမ်းဆီး အရေးယူနိုင်ရေးအတွက် အမြန်နှုန်းတိုင်းတာတဲ့ စက်၇လုံးကို ထပ်မံတိုးချဲ့ တပ်ဆင်ဖို့စီစဉ်နေတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

"လက်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျောက် သုညမိုင်မှ ၃၅၂မိုင်၆ဖာလုံအတွင်း ရဲစခန်း၁၆ခု ရှိပါတယ်။ အဲဒီထဲက ရဲစခန်း၁၁ခုက အမြန်လမ်းနှုန်း တိုင်းတာတဲ့ စက်တွေနဲ့ ကီလိုကျော်မောင်းတာတွေကို မှတ်တမ်းယူတာ၊ မှတ်တမ်းအရ သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းလာတဲ့ ယာဉ်တွေကို တိုးဂိတ်ကြီးများအနီးရှိ ရဲစခန်း၅ခုက ဖမ်းဆီးအရေးယူတာတွေ ဆောင်ရွက်နေတာပါ။ လက်ရှိလည်း စက်တွေထပ်တိုး တပ်ဆင်သွားဖို့ ပြင်ဆင်နေပါတယ်"လို့ ၎င်းရုံးရဲ့ ဒုတိယရဲမှူးအဆင့်ရှိသူက ဆိုထားပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျောက် အမြန်နှုန်းတိုင်းတာတဲ့ စက်၁၁လုံး တပ်ဆင်ထားတာပါ။ အဆိုပါစက်တွေနဲ့ ဖမ်းဆီးနေတာဟာ ဆိုရင် အခု၂၀၂၂ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်၁၃ရက်အထိ၊ သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်းနေတဲ့ မော်တော်ယာဉ် ၅၀၆၄စီးကို ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်တလော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယျေဘုယျအားဖြင့် အိမ်စီးကားများကို တစ်နာရီလျှင် ကီလို၁၀၀၊ ခရီးသည်တင် အဝေးပြေးယာဉ်များကို တစ်နာရီလျှင် ကီလိုမီတာ၉၀နှင့် လုပ်ငန်းသုံး ကုန်တင်ယာဉ်များကိုတော့ တစ်နာရီလျှင် ကီလိုမီတာ၆၀နှုန်းတွေနဲ့ အမြင့်ဆုံး မောင်းနှင်းခွင့်ပြုထားတာပါ။

သတ်မှတ်နှုန်းထားထက် ကျော်လွန် မောင်းနှင်းခဲ့မယ်ဆိုရင်တော့ ဖမ်းဆီးခံရမှာဖြစ်ပြီး ထပ်မံတိုးမြှင့် ဖမ်းဆီးတာတွေ ဆောင်ရွက်နိုင်ဖို့အတွက် စက်တွေပါ တိုးချဲ့တပ်ဆင်ဖို့ ပြင်ဆင်နေတာလို့ သိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: