> 首页 > MFN

YBS 42 ယာဉ်ပေါ် အုပ်စွဲဖွဲ့ ဓားပြတိုက်မှုမဟုတ်ဘူးလို့ အသိပေး

YBS42ပေါ်၌ ခရီးသည်ဆယ်ဦးခန့်၏ ရွှေငွေလက်ဝတ်ရတနာများ အနုကြမ်းစီးခံရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း Onlineလူမှုကွန်ယက် စာမျက်နှာမှာ ပြန့်နှံ့ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ကတော့ ကုန်ခဲ့တဲ့ဇူလိုင် ၃၀ရက်တွင် YBS42ပေါ်မှာ အုပ်စုဖွဲ့လူတစ်စုက ယာဉ်မောင်းကိုပါ ဓားထောက်ပြီး ယာဉ်ပေါ်ပါ ခရီးသည်ဆယ်ဦးခန့်ရဲ့ ရွှေငွေလက်ဝတ်ရတနာများကို ဓားပြတိုက် အနုကြမ်းစီးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ဇူလိုင်၃၁ရက်မှာ အထက်ပါဖြစ်ရပ်က မဟုတ်ကြောင်း၊ သတင်းအမှားသာဖြစ်ကြောင်း ၎င်းရဲ့ လူမှုကွန်ယက် စာမျက်နှာက တစ်ဆင့် ပြည်သူထံ သတင်းထုတ်ပြန် ပေးခဲ့တာပါ။

“ဒါကတမင် ရည်ရွယ်ချက်ရှိရှိ အများပြည်သူ ထိတ်လန့်အောင် ခြိမ်းခြောက်ပြီး ဖြန့်ဝေတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကြောင်းကြား ထားပါတယ်။ ဒါကတကယ့် အဖြစ်မှန် မဟုတ်ပါဘူး။ သတင်းအမှာပါ”လို့ YRTCရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် သတင်းက ဇူလိုင်လ၃၀ရက်နေ့ နေ့လည်၂နာရီခန့် ရွှေပြည်သာမှ မဥက္ကလာ၊ အောင်မင်္ဂလာ အဝေးပြေး၊ သာကေတသို့ ပြေးဆွဲနေသည့် YBSယာဉ်လိုင်း 42(6p/6057)ဟာ မြောက်ဥက္ကလာပအိန္ဒြာမှတ်တိုင် အနီးမှာ လူ၁၅ဦးလောက်ဟာ ကားပေါ်တက်လာပြီး အနုကြမ်းစီးကြောင်း၊ အထက်ပါ YBS၄၂ယာဉ်လိုင်းဟာ ရွှေပြည်သာသား အများပိုင်ကုမ္ပဏီမှ ပိုင်ဆိုင်ကြောင်း စသဖြင့် ရေးသားတင်ပြ ထားရှိပါတယ်။

အထက်ပါ ကိစ္စရပ်ဟာ facebook လူမှုကွန်ယက် စာမျက်နှာများ like&Share လုပ်သူ များပြားခဲ့သလို YBSယာဉ်ပေါ်တွေမှာ ခါးပိုက်နှိုက်ပြဿနာ မဖြေရှင်းနိုင်သေးတဲ့အပြင် ဓားပြတိုက်မှုတွေ ပါရှိလာတဲ့အတွက်“ဘယ်မှာလဲလုံခြုံမှု”ဆိုတဲ့ မေးခွန်းထုတ် စိုးရိမ်ထိတ်လန့်မှုတွေနဲ့ မှတ်ချက်ပြုသူတွေလည်း ရှိခဲ့တာပါ။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: