> 首页 > MFN

အမှာများလာလို့ ဆန်ကွဲနဲ့ ပြောင်းဖူး ကုန်တင်တွဲကား လွယ်ဂျယ်နယ်စပ်ဂိတ်မှာ ထက်ဝက်ကျော် တိုး ကုန်သွယ်နေ

ပြည်တွင်းထွက် ဆန်ကွဲနဲ့ပြောင်းဖူးကို တရုတ်အဝယ်များလာလို့ ကချင်ပြည်နယ်ထဲက လွယ်ဂျယ်နယ်စပ်ဂိတ်မှာ ကုန်သွယ်မှု ပိုတိုးလာပါတယ်။ ယခင်က အဲဒီနယ်စပ်ဂိတ်မှာ ဆန်ကွဲနဲ့ ပြောင်းဖူးတင်ကုန်တင်တွဲကား အစီးရေနေ့စဉ်၂၀ကျော်သာ ကုန်သွယ်မှုရှိခဲ့တာပါ။

အခုနှစ်ကုန်ခဲ့တဲ့ ဇူလိုင်လကုန် တတိယအပတ်အတွင်းကစလို့ လွယ်ဂျယ်နယ်စပ်ဂိတ်မှာ ဆန်ကွဲနဲ့ပြောင်းဖူးတင် ကုန်စည်ပို့ဆောင်တွဲကား အစီးရေ၅၀ကျော်ထိရှိလာပြီး ယခင်ထက် ထက်ဝက်ကျော် ကုန်သွယ်မှုပြုလာတယ်လို့ ကချင်ပြည်နယ်အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်းများ အသင်းဒုဥက္ကဋ္ဌက ဆိုထားပါတယ်။

“အဓိက ပို့နေတာက တစ်သျှူးငှက်ပျောပါ။ ကုန်တွဲကားက ရာနဲချီရှိပါတယ်။ အခုတရုတ်ကုန်သည်တွေက ဆန်ကွဲနဲ့ပြောင်းဖူးတို့ကို အမှာများလာလို့ အဲဒီ၂မျိုးသီးသန့်ပို့တဲ့ ကုန်တွဲကားအစီးရေ ထက်ဝက်ကျော်လောက် များလာပါတယ်”လို့ ၎င်းအသင်းမှ ဒုဥက္ကဋ္ဌက ပြောပါတယ်။

လွယ်ဂျယ်ဂိတ်ဟာ ပို့ကုန်ကိုသာ အဓိကအားထားရတဲ့ ဂိတ်ပေါက်တခုဖြစ်ပြီး သွင်းတဲ့ကုန်မှာ အိမ်ဆောက်ပစ္စည်း၊ လယ်ယာသုံးကုန်စက်ပစ္စည်း၊ အထည်လိပ်စသည်ဖြင့် အနည်းငယ်သာ ရှိတယ်လို့ ကုန်သည်များက ဆိုထားကြပါတယ်။

လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄၀ဒသမ၇၆၆သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၁၅ဒသမ၂၂၈သန်း၊ ၂၀၂၁-၂၀၂၂မီနီဘတ်ဂျက် ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၂၂ဒသမ၆၇၇သန်းနဲ့ အခု၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဧပြီမှမေလအထိ ကန်ဒေါ်လာ ၃၈ဒသမ၉၂၅သန်းထိ ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစာရင်းများအရ သိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: