> 首页 > MFN

ယခင်နှစ် မိုးကြီးတာကြောင့် ပျက်စီးခဲ့တဲ့ ပုဂံဘုရားများ အခုနှစ် မိုးတွင်းအထိ ပြုပြင်လို့ မပြီးစီးသေး

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံယဉ်ကျေးမှုဒေသရှိ ဘုရားတွေရေကြီးရေလျှံမှုကြောင့် ပျက်စီးတာတွေ မဖြစ်စေဖို့ ပြုပြင်ထိန်းသိမ်း ပြင်ဆင်တာတွေကို ကုန်ခဲ့တဲ့၂၀၂၁ခုနှစ် အောက်တိုဘာလကတည်းက ဆောင်ရွက်ခဲ့တာပါ။

အဲဒီ၂၀၂၁ဇွန်လမှ အောက်တိုဘာလအထိ မိုးကြီးခဲ့တာကြောင့် ထိခိုက်ပျက်စီးမှု ရှိခဲ့တဲ့ ရှေးဟောင်းအဆောက်အဦ စေတီအဆူ၆၀ထိရှိခဲ့တာပါ။ ဒီလိုရှိခဲ့တာကို ယင်းကာလမှ စတင်ပြုပြင်ခဲ့ရာက အခု၂၀၂၂ခုနှစ် မိုးတွင်းကာလ ရောက်တဲ့အချိန်အထိ ဘုရားစေတီအဆူ၄၀ကျော်သာ ပြုပြင်ပြီးစီးသေးတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ) ပြုပြင်ထိန်းသိမ်းရေး ဌာနကသိရပါတယ်။

ပြုပြင်ရာမှာ အားလုံးနီးပါး မပြီးစီးသေးရတဲ့အကြောင်းအရင်းက ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးမှုများ မရှိစေဖို့အပြင် မြစ်ကမ်းပါး တိုက်စားမှု မြေထိန်းနံရံများ ပြုပြင်နေရတာတွေကြောင့် ကြာမြင့်နေရတာလို့ ယင်းဦးစီးဌာနက ဆိုထားပါတယ်။

ဒါအပြင်ကုန်ခဲ့တဲ့ ဧပြီလက ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသရှိ ဘုရား၂ဆူဖြစ်တဲ့ ဘုရားအမှတ်၄၁၈နဲ့ ၇၁၆ကျောက်ဆစ်လက်ရာ တချို့ အခိုးခံလိုက်ရတာမို့ ပုဂံရဲ့ရှေး အကျဆုံး ဘုရားစေတီငယ်တွေကို သံတံခါးတပ်ဆင်မှုတွေကိုလည်း လုပ်ဆောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသကို ၂၀၁၉ခုနှစ်၊ ဇူလိုင်၆ရက်က ကမ္ဘာအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ပြီး ယင်းဒေသမှာ ဘုရားစေတီပုထိုးပေါင်း ၃၈၃၇ဆူရှိတယ်လို့ သိရပါတယ်။


郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: