> 首页 > MFN

စက်သုံးဆီဈေးများ ခုန်တက် ၊ ပြည်နယ် ၅ခု ခန့် ဆီပြတ်လပ်မှုများ ကြုံတွေ့နေရ

ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်း (၁၈၅၀)ကျပ်မှ (၂၁၀၀)ကျပ်သို့ ပြောင်းလဲသတ်မှတ်ကြောင်း ကြေညာခဲ့ပြီးနောက် ယခုတစ်ပတ်အတွင်း စက်သုံးဆီစျေးနှုန်းများ ပြန်လည်မြင့်တက် လာခဲ့ပါတယ်။

အဆိုပါ ညွှန်ကြားချက် ပြောင်းလဲသတ်မှတ်ပြီး သြဂုတ်၆ရက်စက်သုံးဆီ ဈေးနှုန်းများမှာ ၉၂တစ်လီတာလျှင် (၁၆၁၅)ကျပ်၊ ၉၅တစ်လီတာလျှင် (၁၆၆၅)ကျပ်၊ ဒီဇယ်တစ်လီတာလျှင် (၁၉၇၀)ကျပ်နှင့် ပရီမီယာဒီဇယ် တစ်လီတာလျှင် (၂၀၂၅)ကျပ်စျေးဖြင့် ရောင်းချခဲ့ပါတယ်။

ယင်းနောက်ပိုင်း စက်သုံးဆီဈေး ဆက်တိုက်ဆိုသလို အတက်ဘက်ကိုရောက်ရှိလာပြီး ဩဂုတ်၁၀ရက်နေ့မှတော့ ၉၂တစ်လီတာလျှင် (၁၈၆၀)ကျပ်၊ ၉၅တစ်လီတာလျှင် (၁၉၂၀)ကျပ်နှင့် ပရီမီယာဒီဇယ် တစ်လီတာလျှင် (၂၁၈၅)ကျပ်ကို ရောက်ရှိခဲ့ကာ ယနေ့(ဩဂုတ်၁၁ရက်) မှာတော့ ၉၂တစ်လီတာလျှင် (၂၁၄၀)ကျပ် ဖြစ်သွားကာ မနေ့ကထက်ကျပ် (၂၈၀) ခုန်တက်သွားပါတယ်။

ထို့အတူပဲ ၉၅တစ်လီတာလျှင် (၂၂၁၀)ကျပ်ဖြင့် မနေ့ကထက်ကျပ် (၂၉၀)တက်သွားပြီး ပရီမီယာဒီဇယ် တစ်လီတာလျှင် (၂၅၁၅)ကျပ်ကို ရောက်ရှိသွားကာ မနေ့ကဈေးထက် ကျပ်(၃၃၀)တက် သွားပြီဖြစ်ပါတယ်။ ဒါဟာ ယခင်ရက်သတ္တပတ်များက ကျပ်(၅၀)၊(၆၀)ခန့်သာ တက်ရိပ်ပြနေရာမှ တစ်ရက်အတွင်း ပျှမ်းမျှကျပ်၃၀၀ဝန်းကျင်ကို ခုန်တက်သွားတာပဲ ဖြစ်ပါတယ်။

ဒီလိုစက်သုံးဆီဈေးတွေ ရန်ကုန်မြို့မှာပင် ခုန်တက်ပြီးသွားသလိုပဲ နယ်မြို့များတွင်လည်း ဈေးများယခင်ထက် တက်သွားသလို ဆီပြတ်လပ်တဲ့ အခြေအနေတွေပါ ဖြစ်နေတယ်လို့ ဒေသခံမီဒီယာများက ဖော်ပြလာပါတယ်။

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများတွင် ယခုရက်ပိုင်းအတွင်း ဆီပြတ်လပ်မှုများ ကြုံတွေ့နေရပြီး ဆိုင်ပိတ်ထားတာမျိုး မဟုတ်ပေမယ့် ရောင်းချဖို့ ဆီမရှိလို့ဆီတွေပြတ်နေတာမျိုး ဖြစ်တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။

ဩဂုတ်၉ရက်နေ့ ကရင်ပြည်နယ် ဖားအံမြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ95ရွန် တစ်လီတာကို၁၉၆၀ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို ၂၃၄၀ကျပ်နှင့် ရိုးရိုးဒီဇယ်တစ်လီတာကို ၂၂၀၀ကျပ်အထိရှိနေပြီး အချိန်နှင့်အမျှ စျေးနှုန်းအပြောင်းအလဲ ရှိဖြစ်နေတယ်လို့လည်း သိရှိရပါတယ်။

ထို့အပြင် ပြင်ဦးလွင်၊ မွန်ပြည်နယ်အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိမြို့များ၊ ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်မြို့၊ မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့များတွင် စက်သုံးဆီ ဝယ်ယူရခက်သည့် ဖြစ်စဉ်များနှင့် အချို့သောမြို့များ၌ စက်သုံးဆီအရောင်းဆိုင်အချို့ ပိတ်ထားခြင်းတို့ကြောင့် ဒေသခံတွေက စက်သုံးဆီဝယ်ယူဖို့ကို အခက်ကြုံနေရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: