> 首页 > MFN

မြန်မာ - ထိုင်းနယ်စပ် မယ်ဆိုင်မြစ် စိုးရိမ်ရေအမှတ်ရောက်နိုင် အနိမ့်ပိုင်းလူနေရပ်ကွက်များ သတိပြုနေထိုင် အသိပေး

မြန်မာ-ထိုင်းနယ်စပ် ဒေသတာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့အကြားရှိ မယ်ဆိုင်ချောင်းအတွင်း ရေတက်လာမှုအခြေအနေမှာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည့်အတွက် ချောင်းအနီးရှိ နေအိမ်များနှင့် အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များ သတိပြုပြီးနေထိုင်ကြရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (နေပြည်တော်)မှ အသိပေးထားပါတယ်။

ဩဂုတ်၁၂ရက်နေ့ မနက်ပိုင်းကထုတ်ပြန်ချက်အရ မယ်ဆိုင်မြစ်ရေဟာ တာချီလိတ်မြို့ (လွယ်တော်ခမ်းရပ်ကွက်)တွင် စိုးရိမ်ရေအမှတ်၂ပေခန့် အကွာသို့ ရောက်ရှိနေပြီး နောက်၁ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေအမှတ်ကို ရောက်ရှိနိုင်တယ်လို့ အသိပေး ထုတ်ပြန်ထားတာပါ။

မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ အကြားရှိမယ် ဆိုင်ချောင်းအတွင်း ဩဂုတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းကရေတက်လာမှုကြောင့် ချောင်းအနီးရှိ တာလော့ရပ်ကွက်မှာလည်း နံနက်(၈)နာရီခွဲအချိန်အထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့တယ်လို့လည်း ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရသိရှိရပါတယ်။


郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: