Meliá Yangon Hotel ရဲ့ ပထမဆုံး တရုတ်ရိုးရာ လမုန့်ပွဲတော် အထူးဈေးရောင်းပွဲ ပြုလုပ်ခဲ့
တရုတ်ရိုးရာ ယဉ်ကျေးမှုအရ လမုန့်ပွဲတော်ဆင်နွှဲခြင်းသည် မိသားစုလက်ဆုံစားပွဲ (သို့မဟုတ်) အိမ်ထောင်စုမိသားဝင်များ စည်းလုံးညီညွတ်မှုကို ပြသခြင်းဆိုလျှင်လည်း မမှားပါ။ ရိုးရာလမုန့်ပွဲတော်ကို ဆင်နွှဲကြတဲ့အခါ လမုန့်များဟာ ရိုးရာကန်တော့ပွဲ ပစ္စည်းများအနက် မပါမဖြစ်ဆိုသလို မိသားစုဝင်များနဲ့အတူ ဝိုင်းဖွဲ့သုံးဆောင်ရန် အရသာရှိသော လမုန့်များကို ဝယ်ယူကြတဲ့အပြင် ခန့်ညားတဲ့အပြင်အဆင် နဲ့ အရသာရှိတဲ့ လမုန့်တွေကို ခင်မင်ရင်းနှီးသော ဆွေမျိုးများထံ အပြန်အလှန် လက်ဆောင်ပေးခြင်းနှင့် မိတ်ဆွေအချင်းချင်း ကျေးဇူးပြုသူများကို လက်ဆောင်ပေးရန် အတွက်လည်း သင့်တော်လှပါတယ်။
တရုတ်ရိုးရာ လမုန့်ပွဲတော် "Mid-Autumn Mooncake Festival"ရဲ့ ထူးခြားမှုတစ်ခုဖြစ်တဲ့ လမုန့်စားပွဲတော် Mooncake Tasting Event ကို ရန်ကုန်မြို့ရှိ MeliáYangon Hotel မှာ ဩဂုတ်လ၁၂ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၂ခုနှစ် ဩဂုတ်လ၁ရက်နေ့မှ စက်တင်ဘာလ၁၅ရက်နေ့ထိ လမုန့်အထူးဈေးရောင်းပွဲတော်ကို ပြုလုပ်ထားပါတယ်။
MeliáYangon Hotel စတင်ဖွင့်လှစ်သည့် အချိန်မှစ၍ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရှိရပါတယ်။ MeliáYangon Hotelမှ ဝါရင့်စားဖိုမှူးကြီးမှ ပြုလုပ်ထားသော လမုန့်များသည် တရုတ်ရိုးရာ လမုန့်များ၏ မူရင်းကွမ်ကျိုးဒေသ ထွက်ကုန်များကိုသာ အသုံးပြုထားပြီး မြန်မာပြည်မှ စိုက်ပျိုးထွက်ရှိသော သရက်သီး၊ ဆွမ်းမွှေးစသဖြင့် သီးပင်ထွက်ကုန်များကို ပေါင်းစပ်ထားကာ ထူးကဲသော အရသာရှိစွာ ပြင်ဆင်ထားတယ်လို ဆိုပါတယ်။
ယခု လမုန့်ပွဲတော်တွင် အရသာခြောက်မျိုးဖြစ်သည့် သရက်သီးလမုန့်၊ ဆွမ်းမွှေးလမုန့်၊ ပဲနီလမုန့်၊ လက်ဖက်စိမ်းလမုန့် (Green Tea)၊ ကြာစေ့လမုန့် (White Lotus)နှင့် ဒူးရင်းသီးလမုန့်တို့ ပါဝင်ပြီး ဘဲဥငန်အရသာ ကြိုက်နှစ်သက်သူများအတွက်လည်း ဥငန်လမုန့် (Egg Yolk)ကိုလည်း ရရှိနိုင်တယ်လို့ သိရှိရပါတယ်။
လက်ဆောင် ပေးချင်သူများအတွက်လည်း ထုပ်ပိုးမှုပိုင်းမှာ အရသာတစ်မျိုးတည်း ထုပ်ပိုးခြင်းအပြင် ရွေးချယ်စရာ အရသာလေးမျိုး ပါရှိသော ရောစပ်ထုပ်ပိုးခြင်းတို့ကို ရရှိနိုင်မှာဖြစ်ပါတယ်။
ကြိုတင်မှာယူသူများအတွက် သြဂုတ်လ၁၆ရက်နေ့မှ ၃၁ရက်နေ့အထိ လမုန့်၁၀ဘူးဝယ်ယူတိုင်း ၁ဘူးလက်ဆောင်ရရှိနိုင်မှာ ဖြစ်သလို အများဝယ်ယူလိုသူများအတွက် သြဂုတ်လ၁ရက်နေ့မှ စက်တင်ဘာလ၁၅ရက်နေ့အထိ ကြိုတင်မှာယူနိုင်ပြီး ဘူး၅၀မှ၁၀၀အထိ မှာယူပါက ဝယ်ယူမှုရဲ့ ၂၀ရာခိုင်နှုန်းနှင့် ဘူး၁၀၀မှ၂၀၀အတွင်း ဝယ်ယူပါက ဝယ်ယူမှုရဲ့ ၂၅ရာခိုင်နှုန်း လျှော့စျေးရရှိမယ်လို့ သိရပါတယ်။