> 首页 > MFN

၂၀၂၃ ခုနှစ် ပိတ်ရက်များထုတ်ပြန် တစ်နှစ်လုံးအတွက် (၂၇) ရက် ပိတ်ရက်ရှိ ၊ နိုင်ငံတကာ နှစ်သစ်ကူး နှင့် ကရင်နှစ်သစ်ကူး ပိတ်ရက်များ မပါဝင်တော့

လာမယ့်(၂၀၂၃)ခုနှစ် ပြက္ခဒိန်နှစ်အတွင်း အများပြည်သူအလုပ်ပိတ်ရက်တွေကို ထုတ်ပြန်ကြေညာလိုက်ပြီး ပိတ်ရက်ရှည် သင်္ကြန်ပိတ်ရက် (၉)ရက်အပါအဝင် တစ်နှစ်လုံးအတွက် ရက်ပေါင်း(၂၇)ရက် ပိတ်ရက်ရှိတာကို တွေ့ရှိရပါတယ်။

အဆိုပါပိတ်ရက်တွေနဲ့ ပတ်သက်လို့ အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေး ဦးစီးဌာနမှသက်ဆိုင်ရာ စက်ရုံ၊အလုပ်ရုံနဲ့ အလုပ်ဌာနတွေကို အကြောင်းကြားထားတာဖြစ်ပြီး ၂၀၂၃ခုနှစ်အတွက် အများပြည်သူ အလုပ်ပိတ်ရက် ကြေညာပေးခြင်းကို နိုင်ငံတစ်ဝန်းရုံးတွေအနေနဲ့ အလုပ်ပိတ်ရက်နဲ့ လွှဲပြောင်းနိုင်တဲ့ စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ၂၅အရအများ ပြည်သူအလုပ်ပိတ်ရက်တွေမှာ အလုပ်သမားတွေကို ၁၉၅၁ခုနှစ်ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် အက်ဥပဒေနည်းဥပဒေနဲ့ အညီခံစားခွင့်ပေးသွားဖို့ကို ညွှန်ကြားလိုက်တာလို့ သိရှိရပါတယ်။

ပိတ်ရက်ရှည်အဖြစ် သင်္ကြန်ပိတ်ရက်(၉)ရက်ပါဝင်ပြီး သီတင်းကျွတ်ရုံးပိတ်ရက်(၃)ရက်နဲ့ တန်ဆောင်တိုင်ရုံးပိတ်ရက်(၂)ရက် ပါဝင်ပါတယ်။ အခြားအလုပ်ပိတ်ရက်တွေအနေနဲ့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တောင်သူလယ်သမားနေ့၊ တပေါင်းလပြည့်နေ့၊ တပ်မတော်နေ့၊ အလုပ်သမားနေ့၊ ကဆုန်လပြည့်နေ့၊ အာဇာနည်နေ့၊ ဝါဆိုလပြည့်နေ့၊ အမျိုးသားနေ့၊ ခရစ္စမတ်နေ့တွေကို ၂၀၂၃ခုနှစ်ပြက္ခဒိန်မှာ(၁)ရက်စီ သတ်မှတ်ပေးထားကာ နိုင်ငံတကာနှစ်သစ်ကူး ပိတ်ရက်နဲ့ကရင်နှစ်သစ်ကူး ပိတ်ရက်တွေကတော့ ပါဝင်တော့မှာ မဟုတ်ပါဘူး။

သို့ပေမယ့် အစ္စလမ်ဘာသာဝင်တွေရဲ့ ကုရ်ဘာနီအီးဒ်နေ့နဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ဒီပါဝလီနေ့တွေအတွက် ကျရောက်မယ့် နေ့ရက်တွေကိုလည်း သီခြားကြေညာသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: