> 首页 > MFN

အလှအပဆိုင်ရာ ခွဲစိတ်မှုတွေ တစ်နေရာထဲမှာ စုံလင်စွာ ဝန်ဆောင်မှုပေးနေတဲ့ Phd Aesthetic & Plastic Surgery Center

ယနေ့ခေတ်မှာ ကျန်းမာရေးနှင့် အလှအပဆိုင်ရာဆိုတာ ခွဲခြားလို့မရတဲ့ ကိစ္စတစ်ခုဖြစ်လာပါပြီ။ အလှအပဆိုင်ရာကိစ္စလို့ ဆိုရမှာလည်း မျက်နှာတစ်ခုတည်းကိုသာ ကုသခြင်းမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးကိုပါ ကျန်းမာလှပလာအောင် ပြုလုပ်လာကြပါတယ်။

ကျန်းမာရေးနှင့် အလှအပအတွက် နိုင်ငံတကာမှာလည်း Gymကစားခြင်း၊ အားကစားတစ်မျိုးမျိုး ပြုလုပ်ခြင်းဖြင့် ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းခဲ့ကြပြီးနောက် နောက်ထပ်ရွေးချယ်မှုတစ်ခုဖြစ်တဲ့ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ကုထုံးများနှင့် ကုသခြင်းများ များစွာခေတ်စားလာခဲ့ကာ ယခုဆိုရင် အာရှနိုင်ငံများ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများသို့ပါ လျင်မြန်စွာပျံ့နှံ လာနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း ထိုကဲ့သို့ ကုသခြင်းမျိုးကို ယခင်အချိန်က ပြည်ပသို့သွားကာ တကူးတက ပြုလုပ်ကြရပေမယ့် ယခုအခါမှာတော့ ပြည်တွင်းမှာလည်း တွင်ကျယ်စွာ လုပ်ဆောင်လာနေကြပါတယ်။ ဥပမာအားဖြင့် မျက်ခုံး(မျက်ခုံးတက်တူးလို့ခေါ်) မွေးအလှပြင်ခြင်း၊ မျက်နှာပေါ်က အစိတ်အပိုင်းတွေကို ပြုပြင်ခြင်းတွေဟာ အမျိုးသမီးများသာမက၊ အမျိုးသားများအကြားတွင်ပါ များစွာခေတ်စားလာနေပါတယ်။

ယခုတွင်တော့ မျက်နှာအစိတ်အပိုင်းများ (နှာခေါင်း၊နှုတ်ခမ်း၊မေးစေ့) သာမက၊ အခြားခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်တဲ့ ရင်သားအပါအဝင် ခန္ဓာကိုယ်ရှိ အဆီပိုများကို ခေတ်မီနည်းပညာများ၊ လိုအပ်တဲ့ အဆင့်မီစက်ကိရိယာများနဲ့ ခွဲစိတ်ပြုပြင်နိုင်တဲ့ စိတ်ချယုံကြည်ရတဲ့ ဆေးခန်းတစ်ခု ရှိလာနေပြီ ဖြစ်ပါတယ်။

ဒီဆေးခန်းကတော့ Phd Aesthetic& Plastic Surgery Center ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့ကြီးတွေမှာ ဖွင့်လှစ်ထားကာ အလှအပဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာကြည်ချမ်းကိုက Main Plastic Surgeon နှင့် Main Consultation Doctor အနေဖြင့် လုပ်ကိုင်လျက်ရှိပါတယ်။

ဒေါက်တာကြည်ချမ်းကိုဟာ မန္တလေးဆေးတက္ကသိုလ် (University of Medicine, Mandalay)(UMM)မှ ၂၀၀၇ခုနှစ်မတ်လတွင် MBBSဘွဲ့ကို ရရှိခဲ့ပါတယ်။ ၂၀၂၂ခုနှစ်ဇွန်လမှာတော့ Juntendo  University (Tokyo,Japan)မှ Phd(Under Department of Plastic and Reconstructive Surgery) ဟုခေါ်သော အလှအပဆိုင်ရာ ခွဲစိတ်အထူးကု ပါရဂူဘွဲ့ကို ရရှိခဲ့ပါတယ်။

ဆရာဟာ နောက်ဆုံးပေါ် ဂျပန်နည်းပညာကို အသုံးပြုပြီး လူနာများကို အန္တရာယ်ကင်းပြီး ထိရောက်စွာ ကုသပေးနေပါတယ်။ ၂၀၁၈ခုနှစ် စက်တင်ဘာလမှာ Taiwan Academy of Facial Plastic and Reconstructive Surgery (TAFPRS)မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှအပဆိုင်ရာ ခွဲစိတ်အထူးကု ဆရာဝန်အနေနဲ့ ဟောပြောခဲ့တဲ့ အပြင် ၂၀၁၉ခုနှစ် ဧပြီလမှာလည်း Korean Academy of Facial Plastic and Reconstructive Surgery(KAFPRS)မှ စီစဥ်ပြုလုပ်တဲ့ 10th Asian Facial Plastic Surgery Society Congressမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ တက်ရောက်ခဲ့ပါတယ်။ Juntendo University (Tokyo,Japan)မှာ Part Time Assistant Professor တစ်ယောက်အနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။

ဆရာကြည်ချမ်းကိုဟာ မျက်ရစ်ဖော်ခွဲစိတ်မှုပေါင်း ၂၀၀၀ကျော်ကို အောင်မြင်စွာ ခွဲစိတ်ကုသ ပေးခဲ့ပြီးတဲ့အပြင် မျက်အိတ်အဆီ ထုတ်ခြင်း၊ နှာခေါင်းနှင့် နှုတ်ခမ်းပြုပြင်ခြင်း၊ ရင်သားပြုပြင်ခြင်း အစရှိတဲ့ အလှအပဆိုင်ရာ ခွဲစိတ်ကုသပေါင်း ထောင်ကျော်ကိုလည်း အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

Phd Aesthetic& Plastic Surgery Center တွင် ဆရာကြည်ချမ်းကိုရဲ့ တိုင်ပင်ဆွေးနွေးခြင်းဖြင့် ကုသမှုတွေကို ခံယူနိုင်ပြီး မျက်ရစ်ဖော်ခြင်း (Double Eyelid Surgery/ Blepharoplasty)၊ အောက်မျက်အိတ် အဆီထုတ်ခြင်း (Under Eyebag Removal Surgery)၊ နှာတံမြင့် နှာခေါင်းဆီလီကွန် ထည့်ပေးခြင်း (Nose Silicone Implant Surgery)၊ နှာခေါင်းပုံဖော်ပေးခြင်း (Nose Reshaping Surgery)၊ နှုတ်ခမ်းပုံဖော်ပေးခြင်း (Lip Reshaping Surgery)၊ လျော့တွဲနေသော မျက်နှာအရေပြားများကို တင်းရင်းနုပျိုအောင် ခွဲစိတ်ပေးခြင်း (Facelifting Surgery)၊ ရင်သားဆီလီကွန်ထည့်ပေးခြင်း (Breast Silicone Implant Surgery)၊ ရင်သားတင်းရင်းအောင် ခွဲစိတ်ပေးခြင်း (Breast Lifting Surgery)၊ မေးစေ့ဆီလီကွန် ထည့်ပေးခြင်း (Chin Silicone Implant Surgery) ဝန်ဆောင်မှုတွေ ရရှိနိုင်ပါတယ်။

ထို့အပြင် ပါးချိုင့်ဖော်ပေးခြင်း (Dimple Plasty)၊ ပါးအဆီထုတ်ပေးခြင်း (Cheek Fat Removal Surgery)၊ ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားပေးခြင်း (Liposuction) အစရှိတဲ့ ခွဲစိတ်မှု အမျိုးအစားများစွာကို ပြုလုပ်ပေးလျက် ရှိတယ်လို့ သိရှိရပါတယ်။

အလှအပဆိုင်ရာ ခွဲစိတ်ကုသမှုများအပြင် အလှအပဆိုင်ရာ ကုသမှုများဖြစ်တဲ့ Thermage ကုထုံး၊ Premium HIFU ကုထုံး၊ Botoxထိုးခြင်း၊ Fillerထိုးခြင်း၊ မျက်နှာCollagen ကြိုးထိုးခြင်း၊ အဆီဖျော် ဆေးထိုးခြင်း၊ အဆီကျဆေးသွင်းခြင်း၊ အသားဖြူဆေးသွင်းခြင်းနှင့် ဝက်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်နှင့် အခြားအသားအရေပိုင်းဆိုင်ရာ ထိန်းသိမ်းကုသမှုများကိုပါ ဆွေးနွေးကုသပေးလျက် ရှိတယ်လို့ သိရှိရပါတယ်။

PhD Aesthetic and Plastic Surgery Center(Yangon) အနေနဲ့ အမှတ်(၁၁-၁၃)၊ အခန်း(၁၀၇)၊ Sevillaအိမ်ရာ၊ အနောက်ရွှေဂုံတိုင်(၄)လမ်း၊ ဗဟန်းမြို့နယ်ဖြစ်ပြီး မန္တလေးမှာဆိုရင်တော့ အမှတ်-မ၄၆/၂၃+၂၄၊ လမ်း၄၀Aနင့် ၅၅လမ်း၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ဖြစ်တယ်လို့ သိရှိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: