> 首页 > MFN

ဆေးဘက်ဝင်အမြစ် တစ်မျိုး တရုတ် အဝယ်လိုက်နေလို့ ဈေးကွက်ဖြစ်နေ

မန္တလေးဈေးကွက်အတွင်းမှာ သဘာဝအလျောက် ပေါက်ရောက်တဲ့ ဆေးဘက်ဝင်အမြစ်မျိုး ဈေးကောင်းရနေတဲ့ အခြေအနေပါ။ အဓိကတရုတ်နိုင်ငံရဲ့ ဝယ်လိုအားကြောင့် အထက်ပါဆေးဘက်ဝင် အမြစ်ဟာ တစ်ပိဿာကို ကျပ်ငွေ၂သောင်းထိ ဈေးကွက်ရရှိနေတဲ့ အခြေအနေလို့ မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင်ထံမှ သိရပါတယ်။

အဲဒီသဘာဝအလျောက် ပေါက်တဲ့ဆေးဘက်ဝင် အမြစ်ဟာ တောထန်းမြစ်များဖြစ်ပြီးတော့ ကုန်ခဲ့တဲ့ သြဂုတ်ဒုတိယ အပတ်လောက်ကစလို့ တူးဖော်ရောင်းချနေတဲ့ ဒေသခံတွေကို တရုတ်ကုန်သည်တွေက အစိုတစ်ပိဿာကျပ် ၅၀၀၀ဝန်းကျင်၊ အခြောက်တစ်ပိဿာကို ကျပ်၂၀၀၀၀ဈေးကောင်းပေး ဝယ်နေတယ်လို့ သိရပါတယ်။

အထက်ပါ အမြစ်ကို တရုတ်နိုင်ငံက ဆေးဝါးဖော်စပ်ရာမှာ အသုံးပြုနေသလို ပြည်တွင်းမှာလည်း ပျားရည်နဲ့ စိမ်ကာ ခွန်အားပြည့်အားဆေးအဖြစ် အသုံးပြု သောက်သုံးလေ့ ရှိကြတာပါ။

မိုးမိတ်၊ မိုးကုတ်၊ သပိတ်ကျင်း၊ ကောလင်း၊ ထီးချိုင့်၊ ယင်းမာပင်၊ ပုလဲ၊ ချင်းတွင်းမြစ်အနောက်ဘက် စတဲ့ဒေသတွေမှ ဒေသခံအခြေခံ လူတန်းစားတွေ ပါဝင်တူးဖော်ပြီး မန္တလေးဈေးကွက်အတွင်းမှာ တောထန်းမြစ်တွေ ဝင်ရောက်မှု ရှိနေတယ်လို့ သိရပါတယ်။

တောထန်းမြစ်ကို တစ်နှစ်တစ်ရာသီ မိုးနှောင်းကာလ စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ တူးဖော်ပြီး ဈေးကွက်အတွင်းသို့ ရောင်းချလေ့ရှိသလို တစ်ဦးကို တစ်နေ့၄ပိဿာလောက် တူးနိုင်တာမို့ နေ့စဉ်စားသောက်ဖို့ အခက်အခဲကို ယာယီဖြေရှင်းလို့ ရနေတာဖြစ်တယ်လို့ သိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: