> 首页 > MFN

ကိုဗစ် ကုသဆေး PACLOVID အားမြို့ကြီး ၁၁ မြို့တွင် Pre-order မှာယူနိုင်ပြီ

ကိုဗစ်ကုသရေး ဆရာဝန်များ၊ ဆေးရုံဆေးခန်း ဆေးဆိုင်များအပါအဝင် မကြာခင် စျေးကွက်အတွင်း ဖြန့်ချီတော့မည့် ကိုဗစ်ရောဂါအတွက် နောက်ဆုံးပေါ်ကုသဆေး PACLOVID (Nirmatrelvir150mg;  Ritonavir100mg)အား Pre-order မှာယူနိုင်ပြီလို့ AA medical Products Ltdမှ ကြေညာလာပါတယ်။

ကိုဗစ်၁၉ရောဂါ ကုသခြင်းအတွက် နောက်ဆုံးပေါ် ကုသဆေး(သောက်ဆေး) အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း(WHO) အပါအဝင် US FDA, UK MHRA, Korea FDA, Singapore FDA အပါအဝင် ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ကျန်းမာရေးအဖွဲ့အစည်းများမှ ထောက်ခံထားသော PACLOVID (Nirmatrelvir150mg;  Ritonavir100mg) အားPacific Medical Industries Ltd ဆေးဝါးစက်ရုံမှ branded generic“PACLOVID”အမည်ဖြင့် ထုတ်လုပ်အောင်မြင်ခဲ့ပြီးMyanmar FDAမှထောက်ခံစာအမှတ်(2308N D012) ဖြင့်ခွင့်ပြုချက်ရရှိပြီး ဖြစ်သည့်အပြင် မကြာခင် ကိုဗစ်ကုသရေး ဆရာဝန်များ၊ ဆေးရုံဆေးခန်း ဆေးဆိုင်များ အပါအဝင် မကြာခင်စျေးကွက်အတွင်း ဖြန့်ချီတော့မည်ဖြစ်၍ ဆေးရုံဆေးခန်း၊ ဆေးဆိုင်များနှင့် ကိုဗစ်ရောဂါကုသရေး ဆရာဝန်များအနေဖြင့် Pre-order မှာယူနိုင်ပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။

PACLOVID (Nirmatrelvir150mg; Ritonavir100mg) ဆေးအား Preorderမှာ ယူလိုပါက AA Medical Products Ltd၏ ဖုန်းနံပါတ်နှင့် လိပ်စာများအား ဆက်သွယ်၍ Preorderမှာယူနိုင်ပြီး Viberဖုန်းနံပါတ် 09-445023342၊ 09-445023362၊ 09-445023372၊ 09-445023336၊ 09-440557476 များသို့ဆရာဝန် ဆေးညွှန်းစာ သို့မဟုတ် ဆေးရုံဆေးခန်းမှ request letter ပေးပို့ပြီး Pre-order မှာယူနိုင်ပြီလို့ သိရှိရပါတယ်။

ထို့အပြင်နယ်များမှ ကိုဗစ်ရောဂါကုသရေး ဆရာဝန်များ ဆေးရုံဆေးခန်းများ အနေဖြင့် ဆရာဝန်ဆေးညွှန်း စာသို့မဟုတ် ဆေးရုံ/ဆေးခန်းမှ request letter ပေးပို့ပြီး Pre-orderမှာ ယူနိုင်ပြီဖြစ်ကာ လက်ရှိတွင် မြို့ကြီး၁၁မြို့ဖြစ်တဲ့ မန္တလေး၊ မုံရွာ၊ နေပြည်တော်၊ တောင်ကြီး၊ လားရှိုး၊ မြစ်ကြီးနား၊ မကွေး၊ ပြည်၊ မော်လမြိုင်၊ ပုသိမ်၊ မြိတ်မြို့များတွင်ရှိ သတ်မှတ်လိပ်စာနှင့် ဖုန်းများသို့ ဆက်သွယ်မှာယူနိုင်ပြီလို့ သိရှိရပါတယ်။ (အသေးစိတ် အချက်အလက် များ သတင်းဓါတ်ပုံတွင် ဖော်ပြထားပါတယ်။) PACLOVID (Nirmatrelvir150mg; Ritonavir100mg) ဆေးဝါးနှင့်ပတ်သတ်၍ ဆေးဝါးအကြောင်း ပိုမိုသိရှိလိုပါက 095135744, 095117169, 095135742, 09425751897 စသည့်ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်တယ်လို့ သိရှိရပါတယ်။

PACLOVID (Nirmatrelvir150mg; Ritonavir100mg) ဆေးသည် covid-19 ရောဂါကြောင့် ဆေးရုံတက်ရသည့် နှုန်းလျော့နည်းစေခြင်း၊ Covid-19ရောဂါ ဆိုးရွားစွာကူးစက်ခံ နေရသူများ စောလျင်စွာကုသ နိုင်ပါကသေဆုံးမှု နှုန်းအား၉၀%ထိ လျော့ချပေးနိုင်ခြင်း deltaနှင့် omicronမျိုးစိတ်များအား (ဓါတ်ခွဲစမ်းသပ်ချက်အရ) အောင်မြင်စွာ ကုသနိုင်ခြင်း၊ အသက်၁၂နှစ်အထက် ကိုယ်အလေးချိန် 40kgအထက် ကလေးများအား ကုသမှုပေးနိုင်ခြင်း စသည်ကောင်းကျိုးများ ရှိသည့်နောက်ဆုံးပေါ် ကိုဗစ်ကုသဆေး (သောက်ဆေး)ဖြစ်သည့်အပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHOအပါအ၀င် US FDA, UK MHRA, Korea FDA, SIngapore FDA အပါအဝင် ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ကျန်းမာရေး အဖွဲ့အစည်းများမှ ကုသမှုအပိုင်းတွင် အောင်မြင်မှု အမြင့်ဆုံး သောက်ဆေးအဖြစ် ထောက်ခံထားသည့် ဆေးဖြစ်တယ်လို့ AA Medicalမှ ဆိုထားပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: