ကျိုက်ထီးရိုးစေတီရဲ့ ရွှေမှုံစတွေကို မျက်မြင်အခြေအနေအတိုင်း ရောင်းမယ်
ကျိုက်ထီးရိုး စေတီတော်မိုးကြိုးစက်ကွင်းကြောင့် ရရှိတဲ့ရွှေသရိုးဖတ်နဲ့ မိုးစိုနေတဲ့ရွှေမှုံစတွေကို မျက်မြင်အခြေအနေအတိုင်း ရောင်းချဖို့ဖြစ်လာပါတယ်။ ဆံတော်ရှင်ကျိုက်ထီးရိုး ဂေါပကအဖွဲ့ကရောင်းချရာမှာ ဈေးပြိုင်လေလံတင်ဒါစနစ်နဲ့ လုပ်ဆောင်သွားမှာဖြစ်ပြီး စိတ်ပါဝင်စားတဲ့သူတွေအနေနဲ့ လျှောက်လွှာပုံစံ ဝယ်ယူတင်သွင်းနိုင်တယ်လို့ သိရပါတယ်။
ရောင်းချမယ့်အထဲမှာ ဂေါပကအဖွဲ့မှ ၂၀၂၁-၂၀၂၂ခုနှစ်၊ ဘုရားပွဲတော်ကာလမှာ သိမ်းဆည်းထားတဲ့ ရွှေလှောင်စက္ကူ သုတ်ဖတ်/တို့ဖတ်၊ ကန်မြေ၊ မြောင်းမြရွှေပန်းချီစုတ်တံတို့ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘုရားပွဲတော်ကာလမှာ သိမ်းဆည်းထားတဲ့ ဆည်းလည်းအရွယ်အစား မျိုးစုံပိဿာချိန် ၃၁၂၁ဒသမ၅၀ကိုလည်း မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်စနစ်နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
စိတ်ပါဝင်စားသူတွေအနေနဲ့ အခုလစက်တင်ဘာ ၂၈ရက်နောက်ဆုံးထားပြီး အဆိုပြုလျှောက်လွှာများကို ကင်ပွင်းစခန်းက ဂေါပကအဖွဲ့ရုံးထံ တင်သွင်းရမှာဖြစ်ကာ ၂၉ရက်မှာဖွင့်ဖောက် စစ်ဆေးသွားမှာပါ။
အခုနှစ်ကုန်ခဲ့တဲ့ မေလ၁၆ရက်က ကျိုက်ထီးရိုးစေတီတော်ကြီးကို မိုးကြိုးစက်ကွင်း ယှက်ခဲ့တာကြောင့် ကျောက်လုံးတော်ကြီး အောက်ပိုင်းအနည်းငယ် ထိခိုက်ခဲ့ပြီး သရိုးဖတ်တွေ ကွာကျခဲ့တယ်လို့ သိရပါတယ်။