> 首页 > MFN

နေပြည်တော်မှာ ဈေးတစ်ခု ဖွင့်ပြီး ဝန်ထမ်းတွေထံ ကားနဲ့လှည်ရောင်းဖို့ စီစဉ်နေ

သား၊ငါးနဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို လက်လီလက်ကား ရောင်းချနိုင်ဖို့ အခွန်လွတ်ဈေးတစ်ခုကို နေပြည်တော်မြို့မဈေးထဲမှာ စီစဉ်နေပါပြီ။ အခုစီစဉ်နေတဲ့ အခွန်လွတ်ဈေးဟာဆိုရင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူတွေ ကြိုက်ရောင်း/ကြိုက်ဝယ် စနစ်နဲ့ တိုက်ရိုက်ရောင်းဝယ် ခွင့်ရမှာဖြစ်ပါတယ်။

ဒီအခွန်လွတ်ဈေးကို အခုစက်တင်ဘာ၁၀ရက်မှာ စတင်ဖွင့်လှစ်နိုင်ဖို့ လျာထားတာဖြစ်ပြီး ဒီဈေးအရောင်းဆိုင်မှတဆင့် ဝန်ထမ်းအိမ်ရာများ၊ ရုံးများမှာလည်း ဈေးကားတွေနဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အလားတူ နေပြည်တော် ပုဗ္ဗသီရိဈေးအနီးရှိ စိုက်ပျိုးရေးထွက် ကုန်ဈေးကွက်ဗဟိုဌာန အအေးခန်းသိုလှောင်ရုံ သို့လည်း စိုက်ပျိုးထုတ်လုပ်သူတွေ လာရောက် ရောင်းချနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနကရပါတယ်။

ဒီအပြင် နိုင်ငံဝန်ထမ်းများ သား၊ ငါး၊ သစ်သီး၊ ဝလံတွေကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက်လည်း လှည့်လည် ရောင်းချတာတွေ စီစဉ်ဆောင်ရွက် ပေးနေတယ်လို့ ဆိုပါတယ်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန ကွပ်ကဲမှုလက်အောက်မှာ နေပြည်တော် မြို့မဈေး၊ သပြေကုန်းဈေး၊ အာဟာရသုခဈေး၊ ပုဗ္ဗသီရိဈေး၊ လယ်ဝေးမြို့မဈေး၊ တပ်ကုန်းဈေးနှင့် ပျဉ်းမနားမြို့မဈေး စတဲ့ဈေးတွေရှိတာပါ။

အခု အခွန်လွတ်ဈေးစနစ်ကိုတော့ နေပြည်တော်မြို့မ ဈေးစနစ်မှာ စတင်ဆောင်ရွက်နေတာဖြစ်ပြီး လတ်ဆတ်တဲ့သား၊ ငါး၊ သစ်သီးဝလံတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူနိုင်မှာပါ။ ဒါဟာ နေ့စဉ်တက်နေတဲ့ ကုန်ဈေးနှုန်းကိုတော့ ထိန်းနိုင်ဖွယ်ရာတော့ မဟုတ်ပါဘူး။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: