(၁၀လုံးကဒ် ၃ကဒ်)ပါ ကိုဗစ်ရောဂါကုသဆေး တစ်ဘူးကို ကျပ် နှစ်သိန်းခွဲဖြင့် ဝယ်ယူနိုင်ပြီ
Pacific Medical Industries နောက်ဆုံးပေါ် ကိုဗစ်ရောဂါကုသဆေး PACLOVID (Nirmatrelvir150mg; Ritonavir100mg) (သောက်ဆေး) ဆေးတစ်ဘူး (၁၀လုံးကဒ်၃ကဒ်)ကို ကျပ်၂၅၀,၀၀၀ဖြင့် ရောင်းချပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီ လီမိတက်မှ ကြေညာလိုက်ပါတယ်။ အဆိုပါ ကုသဆေးကို စက်တင်ဘာ၁၄ရက်နေ့မှ စတင်၍ ဝယ်ယူနိုင်ပြီလို့ ကုမ္ပဏီဘက် အသိပေးကြေညာလိုက်တာဖြစ်ပြီး PACLOVID ကိုဗစ်ကုသဆေးအား ကိုဗစ်ကုသရေး ဆရာဝန်များ၊ ဆေးရုံဆေးခန်းများနှင့် ဆေးဆိုင်ကြီးများအနေဖြင့် ဆရာဝန်ဆေးညွှန်းစာ၊ ဆေးအမှာစာ request letter များဖြင့် ဝယ်ယူနိုင်တယ်လို့ ကြေညာထားပါတယ်။
အဆိုပါ ကိုဗစ်ရောဂါကုသဆေး (သောက်ဆေး)အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO)အပါအဝင် US FDA၊ UK MHRA၊ Korea FDA၊ Singapore FDA အစရှိသည့် ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကျန်းမာရေးအဖွဲ့အစည်းများမှ ထောက်ခံထားသော PACLOVID (Nirmatrelvir150mg; Ritonavir100mg) သောက်ဆေးအား နိုင်ငံတကာ အဆင့်မီ အနောက်တိုင်းဆေးဝါး စက်ရုံ Pacific Medical Industries Ltdမှ branded generic“PACLOVID”အမည်ဖြင့် ထုတ်လုပ်အောင်မြင်ခဲ့ပြီး Myanmar FDAမှ ထောက်ခံစာအမှတ် (2308ND012)ဖြင့် ခွင့်ပြုချက် ရရှိပြီးဖြစ်ပါတယ်။
PACLOVID (Nirmatrelvir150mg; Ritonavir100mg) ဆေးသည် Covid-19 ရောဂါကြောင့် ဆေးရုံတက်ရသည့်နှုန်း လျော့နည်းစေခြင်း၊ သေဆုံးမှုနှုန်းအား ၉၀ရာခိုင်နှုန်းထိ လျော့ချပေးနိုင်ခြင်း၊ Deltaနှင့် Omicron မျိုးစိတ်များအား (ဓါတ်ခွဲစမ်းသပ်ချက်အရ) အောင်မြင်စွာကုသနိုင်ခြင်း၊ အသက်၁၂နှစ်အထက် ကိုယ်အလေးချိန် 40kgအထက် ကလေးများအား ကုသမှုပေးနိုင်ခြင်းစသည့် ကောင်းကျိုးများရှိသည့် နောက်ဆုံးပေါ် ကိုဗစ်ကုသဆေး (သောက်ဆေး) ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ထားမှုတွေအရ သိရှိရပါတယ်။
ရွှေမင်္ဂလာစျေးတွင် ဖွင့်လှစ်ထားသော ဆေးဆိုင်အမှတ် တ-၁၆၁နှင့် တ-၁၆၂၊ တတိယထပ်ရှိ AA Medical Products Ltd wholesale ဆိုင်ဖုန်းနံပါတ် 09-420151507၊ 09-421040995 သို့ဖြစ်စေ၊ ဗိုလ်ချုပ်စျေးသစ်တွင် ဖွင့်လှစ်ထားသော ဆေးဆိုင်အမှတ် (၄၂၃)Junction Cityဘေး၊ မြေညီထပ်ရှိAA Medical Products Ltd wholesale ဆိုင်09-795971138သို့ ဖြစ်စေ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်တယ်လို့ သိရှိရပါတယ်။ ထို့အပြင် နယ်ရုံးခွဲများသို့လည်း စတင်ပို့ဆောင်နေပြီ ဖြစ်ပြီး နယ်ရုံးခွဲ အသီးသီးသို့ လာမယ့်ရက်ပိုင်းအတွင်း ရောက်ရှိနိုင်မှာ ဖြစ်လို့ နယ်များမှ ကိုဗစ်ရောဂါကုသရေး ဆရာဝန်များ ဆေးရုံဆေးခန်းများ အနေဖြင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ဆရာဝန်ဆေးညွှန်းစာ သို့မဟုတ် ဆေးရုံ/ဆေးခန်းမှ request letter ပေးပို့ပြီး ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။