> 首页 > MFN

မိုးပျံပူဖောင်း ဝန်ဆောင်မှုလုပ်ငန်းများ ပုဂံဒေသမှာ ပြန်လည်စတင်

ခရီးသွားကဏ္ဍမြှင့်တင်မှုအနေနဲ့ ပုဂံယဥ်ကျေးမှုဒေသရဲ့ သဘာဝအလှကို ဝေဟင်မှ ကြည့်ရှုခံစားနိုင်စေဖို့ မိုးပျံပူဖောင်း ဝန်ဆောင်မှုတွေကို ပုဂံဟိုတယ်တွေနဲ့ မိုးပျံပူဖောင်း ကုမ္ပဏီတွေက ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့်ပုဂံဒေသရဲ့ ရှုခင်းအလှကို မိုးပျံပူဖောင်းစီးနင်း၍ ကြည့်ရှုခံစားနိုင်ပါပြီ။ ကိုဗစ်ကြောင့် ၂၀၂၁ခုနှစ် ခရီးသွားရာသီမှာ ရပ်နားခဲ့ရတဲ့ ဒီအစီစဥ်ကို အခု၂၀၂၂ခုနှစ် ပွင့်လင်းရာသီအစ သီတင်းကျွတ်ကာလကနေ ပြန်လည်စတင်ခဲ့တာပါ။

ဒီလိုပြင်ဆင်မှုတွေကြောင့် ကုန်ခဲ့တဲ့ သီတင်းကျွတ်ကာလမှာလည်း ယမန်နှစ်ထက် ခရီးသွားဧည့်သည် ဝင်ရောက်မှုပိုမိုများပြားခဲ့တာမို့ လာမယ့်တန်ဆောင်တိုင် ကာလမှာလည်း ခရီးသည်ဝင်ရောက်မှု များပြားမယ်လို့ ခန့်မှန်းထားပါတယ်။ မိုးပျံပူဖောင်းဝန်ဆောင်မှု လုပ်ငန်းတွေဟာ အထူးသဖြင့် နိုင်ငံခြားခရီးသွားတွေကို အဓိကအားပြု လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေပါ။ ကိုဗစ်၁၉ရောဂါဖြစ်ပွားမှု လျော့ကျလာတာကြောင့် နိုင်ငံခြားခရီးသွားတွေ ပိုမိုဝင်ရောက် လာနိုင်မယ်လို့လည်း မျှော်မှန်းထားပါတယ်။

"ကိုဗစ်၁၉ရောဂါကြောင့် နိုင်ငံခြားခရီးသည် ဝင်ရောက်မှုလျော့ကျခဲ့တယ်။ ဒီနှစ်ခရီးသွားရာသီမှာ ကိုဗစ်ရောဂါဖြစ်ပွားမှု လျော့ကျလာတာကြောင့် ဝင်ရောက်လာတဲ့ ခရီးသွားတွေကို ဝန်ဆောင်မှု အပြည့်အဝပေးနိုင်ဖို့ ကြိုပြင်ဆင်ထားတာ"လို့ Bagan Sale Officeမှ တာဝန်ရှိသူက ပြောပါတယ်။ မိုးပျံပူဖောင်း စီးနင်းခအနေနဲ့ ပြည်တွင်းခရီးသွားတွေ ဆိုရင်တော့ တစ်ဦးကိုဒေါ်လာ ၁၄၀၊၂၀၀စသဖြင့် ဈေးနှုန်းလျော့ကာ ဝန်ဆောင်မှုပေးနေတာပါ။ လက်ရှိမှာရိုးရိုး classကိုသာ ပျံသန်းပြီး ၁၆ဦးစီးနင်းနိုင်မှာပါ။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: