> 首页 > MFN

GACC သို့ မှတ်ပုံတင် လျှောက်ထားမှု စိုက်ပျိုးရေးကုမ္ပဏီ ၉၀၀ ကျော်နဲ့ အများဆုံး ဖြစ်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ GACCသို့ မှတ်ပုံတင်လျှောက်ထားမှု တစ်နှစ်အတွင်း ကုမ္ပဏီ/စက်ရုံပေါင်း(၁၀၈၀)ခုမှ ပေးပို့ထားတဲ့ လျှောက်ထားတဲ့ စောင်ရေ(၁၉၆၂)စောင် မှတ်ပုံတင်ရန် လျှောက်ထားထားပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

GACCသို့ မှတ်ပုံတင်လျှောက်ထားခြင်း လုပ်ငန်းစဉ်အရ ၂၀၂၁ခုနှစ်ဒီဇင်ဘာ၁ရက်နေ့မှ ၂၀၂၂ခုနှစ် အောက်တိုဘာ၂၈ရက်နေ့အထိ လျှောက်ထားပြီးဖြစ်တဲ့ ကုမ္ပဏီများအနက် စိုက်ပျိုးရေး ဦးစီးဌာနမှ ကုမ္ပဏီ(၉၄၁)ခုမှ စောင်ရေ(၁၈၂၃)စောင်ဖြင့် အများဆုံးရှိနေပြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/စက်ရုံ(၁၁၈)ခု၊ စောင်ရေ(၁၁၈)စောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ၁၂ခုမှ စောင်ရေ(၁၂)စောင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ကုမ္ပဏီ၉ခု၊ စောင်ရေ(၉)စောင်ကို လျှောက်ထားထားတယ်လို့ ကုန်သွယ်ရေးဦးစီးဌာနမှ သိရှိရပါတယ်။

GACCရဲ့ ကြေညာထားချက် အမှတ်(၂၄၈)နှင့် (၂၄၉)တို့အရ ၂၀၂၂ခုနှစ်ဇန်နဝါရီ၁ရက်နေ့မှ စတင်ကာ မြန်မာမှတရုတ်နိုင်ငံသို့ စားသောက်ကုန် တင်ပို့မယ့်/တင်ပို့လျက်ရှိတဲ့ လုပ်ငန်းရှင်များအနေနဲ့ GACCတွင် မှတ်ပုံတင်ပြီးမှသာ တင်ပို့ခွင့်ရရှိမှာဖြစ်ပြီး အဆိုပါGACCသို့ မှတ်ပုံတင်ပေးပြီးဖြစ်တဲ့ လုပ်ငန်းများစာရင်းကို တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက်အစီအစဉ် ciferquery.singlewindow.cn ဝက်ဘ်ဆိုဒ်၌ ဖော်ပြထားတယ်လို့လည်း သိရှိရပါတယ်။

မြန်မာမှ တရုတ်သို့ ကုန်စည်အမျိုးအစား၄ခုဖြစ်တဲ့ အသားနှင့်အသားထုတ်ကုန်များ၊ ရေထွက်ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ ဌက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များနှင့် ကုန်စည်အမျိုးအစား၁၄ခုဖြစ်တဲ့ အစာသွတ်ရန် အသုံးပြုတဲ့ အပေါ်ခွံအစွပ်၊ ပျားရည်နှင့် ပျားထွက်ပစ္စည်း၊ ဥနှင့်ဥထုတ်ကုန်များ၊ စားသုံးဆီ၊ အပြင်အသားအား ဂျုံသားဖြင့်ပြုလုပ်ထားတဲ့ စားသုံးနိုင်တဲ့(သို့မဟုတ်) အေးခဲထားတဲ့ထုတ်ကုန်များ၊ စားသုံးနိုင်သော အစေ့အဆန်များ၊ ကြိတ်ခွဲသီးနှံ ထွက်ကုန်များနှင့် မုယောစပါး၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ ရေဓါတ်ထုတ်ထားသော ဟင်းသီးဟင်းရွက်များနှင့် ပဲခြောက်များ၊ အနံ့အရသာအတွက် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များ၊ အခွံမာသီးနှင့် အစေ့အဆန်များ၊ မလှော်ထားသော ကော်ဖီနှင့်ကိုကိုးစေ့များ၊ အထူးအာဟာရ အစားအသောက်များ၊ ကျန်းမာရေး ဖြည့်စွက်စာများ စုစုပေါင်းကုန်စည် အမျိုးအစား(၁၈)အုပ်စုတို့ကိုလည်း မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

ကုန်စည်အုပ်စုအလိုက် မှတ်ပုံတင်နိုင်ရေး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များအဖြစ် စိုက်ပျိုးရေး ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ဖြစ်ပြီး၊ အထက်ပါ ကုန်စည်အမျိုးအစား၁၈အုပ်စုတွင် ပါဝင်ခြင်းမရှိတဲ့ ကုန်စည်များကို ထုတ်လုပ်/တင်ပို့မယ့် လုပ်ငန်းရှင်တွေအနေနဲ့လည်း တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက်အစီအစဉ် ciferquery.singlewindow.cnသို့ ဝင်ရောက်ကာ ကိုယ်တိုင်အကောင့် (Account)ဖွင့်လှစ်ကာ တိုက်ရိုက်လျှောက်ထားရမယ်လို့ သိရှိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: