> 首页 > MFN

အထင်ကရ ရွှေတိဂုံစေတီတော်ကြီးမှာ မသိုးသင်္ကန်းရက်လုပ် ပွဲတော် မလုပ်ဖြစ်

ရန်ကုန်ရဲ့ အထင်ကရဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးမှာ နှစ်စဉ်နှစ်တိုင်းဆိုသလို မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ အစဉ်အလာအတိုင်း ကျင်းပပြုလုပ်လေ့ရှိနေတာပါ။ ရိုးရာဓလေ့အရ မြန်မာသက္ကရာဇ် တန်ဆောင်မုန်းလရောက်တိုင်း ကျင်းပပြုလုပ်လေ့ရှိတဲ့ မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲဟာဆိုရင်တော့ ၂၀၂၀၊၂၀၂၁ အပါ အခု၂၀၂၂နှစ်မှာလည်း ၃နှစ်ဆက်တိုက်ဆိုသလို မကျင်းပနိုင်တဲ့ အခြေအနေပါ။

သို့ပေမယ့် အခုမြန်မာသက္ကရာဇ်၁၃၈၄လာမယ့် တန်ဆောင်မုန်းလပြည်နေ့ (၇.၁၁.၂၀၂၂)မှာတော့ ရွှေတိဂုံစေတီတော်ကြီး အထက်ပစ္စယာမှာရှိတဲ့ ပတ္တမြားမျက်ရှင် ဗုဒ္ဓရုပ်ပွားတော်နဲ့ အာရုံခံတန်ဆောင်လေးခုမှာရှိတဲ့ ဘုရားလေးဆူတို့ကို ရွှေကြာသင်္ကန်းနဲ့ သစ်သီးဆွမ်းများ အကျဉ်းချုံးကပ်လှူပူဇော်သွားမယ်လို့ ရွှေတိဂုံဂေါပကအဖွဲ့ထံမှ သိရပါတယ်။“ရွှေတိဂုံစေတီတော်မှာ မသိုးသင်္ကန်းပွဲတော် မကျင်းပဖြစ်ပါဘူး။ ဒါပေမယ့် အစဉ်အလာအတိုင်း သင်္ကန်းကတော့ ဆက်ကပ်မှာဖြစ်တယ်”လို့ ဂေါပကတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

(၃၆)ကြိမ်မြောက်အဖြစ် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲကို ရွှေတိဂုံစေတီတော်မှာ မကျင်းပဖြစ်ရတဲ့အကြောင်း အရင်းက ၂၀၂၀ခုနှစ်က ကိုဗစ်-၁၉ရောဂါကြောင့်တစ်ဖုံ၊ ၂၀၂၁မှာလည်း ကိုဗစ်-၁၉ရောဂါနဲ့ ညမထွက်ရအမိန့် ၁၄၄ထုတ်ပြန်ထားမှုတွေ ရှိတာကြောင့် မကျင်းပဖြစ်သလို အခုနှစ်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်ဘူးလို့ သိရပါတယ်။

ရွှေတိဂုံစေတီတော်ကြီး ဖူးမြော်ခွင့်ကိုတော့ အဖိတ်နေ့နဲ့လပြည်နေ့တွေမှာ နံနက်၅နာရီကနေ ည၈နာရီအထိ သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။ ရန်ကုန်ရဲ့အထင်ကရဖြစ်တဲ့ ရွှေတိဂုံစေတီတော်ထံ လာရောက်ဖူးမြော်သူ ဘုရားဖူးဧည့်သည့် အစိုးရရုံးဖွင့်ရက်တွေမှာတော့ နေ့စဉ်၂သောင်းဝန်းကျင်ရှိပြီး ရုံးပိတ်ရက်တွေမှာတော့ နေ့စဉ်၅သောင်းဝန်းကျင်ထိ ရှိနေတယ်ပါ။ မသိုးသင်္ကန်းဖြစ်ပေါ်လာပုံက တန်ဆောင်မုန်းလပြည့်နေ့ မတိုင်ခင်မှာ ဗုဒ္ဓဘာသာဝင်တွေဟာ မသိုးသင်္ကန်းတွေကို တစ်ညအတွင်းပြီးအောင် ရက်လုပ်ပြီး လပြည့်နေ့မှာ ရဟန်းတော်တွေကို လှူဒါန်းလေ့ရှိကြပါတယ်။ အစားအသောက်တွေဟာ နေ့ကူးရင် သိုးသွားတတ်တဲ့ ဥပမာပြုကာ သင်္ကန်းကို နေ့မကူးခင် ရက်လုပ်ပြီးလှူဒါန်းရတဲ့အတွက် မသိုးသင်္ကန်းလို့ ခေါ်တာပါ။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: