> 首页 > MFN

မန္တလေးမြို့ရဲ့ မြစိမ်းရောင် တောင်တန်းများအလှကိုလည်းခံစားရင်းအနားယူနိုင်မယ့် နေရာလေးတစ်ခု

မန္တလေးမြို့ အလှကျက်သရေကို ရှုစားနိုင်သလို မြစိမ်းရောင် တောင်တန်းများအလှကိုလည်း ခံစားရမယ့်ဟိုတယ်လေးတစ်ခုမှာ အားလပ်ရက်များနှင့် ရုံးပိတ်ရက်များအတွင်း မိသားစု၊ မိတ်ဆွေများနှင့် အကောင်းဆုံးအပန်းဖြေ အနားယူနိုင်ရန် ဖွင့်ပွဲအထူးအစီအစဉ်အဖြစ် ၁၀ရာခိုင်နှုန်း Discountရယူပြီး ပျော်ရွှင်စွာအနားယူ တည်းခိုနိုင်ပြီလို့သိရှိရပါတယ်။

မြန်မာရွှေမြို့တော်ဟိုတယ်ဟာ ၁၀၁လမ်းနှင့် သိပ္ပံလမ်းထောင့်၊ ၅၄လမ်းနှင့်၅၅လမ်းကြား မန္တလေးမြို့တွင် ဖွင့်လှစ်ထားပြီး ဟိုတယ်ရဲ့ အမြင့်ဆုံးအထပ်မှနေ၍ မန္တလေးတောင်နှင့် ရန်ကင်းတောင်တို့၏ အလှကို အံဩစွာတွေ့မြင်နိုင်ကာ ဟိုတယ်မှ မန္တလေးကားကြီးဝင်းသို့ ၁၀မိနစ်ခန့်အချိန်ဖြင့် ရောက်ရှိနိုင်သလို စိတ်ကြိုက်ဈေးဝယ်နိုင်သော Ocean Centreကိုလည်း ၁၅မိနစ်ခန့် ကားမောင်းရုံနှင့် လွယ်ကူစွာသွားလာနိုင်ပါတယ်။

အခန်းအမျိုးအစားများအဖြစ်Superior Room၊ Deluxe Room၊ Deluxe Family Room၊ (မင်္ဂလာဦးမောင်နှံများနှင့် မိသားစုများသက်တောင့် သက်သာရှိမယ့်) Suite Roomsတို့ရှိပြီး ဟိုတယ်အိပ်ခန်းများတွင် ရရှိနိုင်သော ဝန်ဆောင်မှုများအဖြစ် Welcome drinkအပြင် နေ့စဉ်နံနက်စာ(၂ယောက်နှုန်း) ပါဝင်ပါတယ်။ Satellite TV၊ ရေ၊ ကော်ဖီနှင့် လက်ဖက်ရည်များကို အခမဲ့သုံးဆောင်နိုင်ကာ Wifiလိုင်း တပ်ဆင်ပေးထားတယ်လို့ သိရှိရပါတယ်။

တည်းခိုအနားယူခြင်းအတွက် ရေကူးကန်တွင် အခမဲ့အပန်းဖြေခွင့်၊ အဝတ်လျှော်ပေးသော ဝန်ဆောင်မှုလည်းရှိကာ အခန်းခများမှာ ၁၀ရာခိုင်နှုန်းဝန်ဆောင်ခနှင့် ၅ရာခိုင်နှုန်း အခွန်ပါဝင်ပြီးဖြစ်တယ်လို့ သိရှိရပါတယ်။

ထို့အပြင်အခမ်းအနား ပွဲများအတွက် အထူးဝန်ဆောင်မှုအဖြစ်ဟိုတယ်၏ ခေါင်မိုးထပ်ရှိ အနောက်တိုင်းစားသောက်ခန်းမ (Banquet Hall)သည် မင်္ဂလာမောင်နှံများအတွက် ဧည့်ခံပွဲပြုလုပ်ရန် ဝန်ဆောင်မှုပေးပါသည်။ ခန်းမသည် ဧည့်သည်အယောက်၄၀၀မှ ၅၀၀ထိဝင်ဆံ့ပြီး မင်္ဂလာဧည့်ခံပွဲများအပြင် အခြားသောအခမ်းအနားပွဲများ၊ ကုမ္ပဏီနှစ်ပတ်လည်နေ့ ညစာစားပွဲအစရှိသည့် အထိမ်းအမှတ်ပွဲများ ကျင်းပရန်အထူးသင့်လျော်ပြီး မိသားစုပျော်ရွှင်စွာ နံနက်စာစားခြင်း၊ ရေကူးခြင်း၊ city tripများကိုလည်း စီစဉ်ပေးမယ်လို့ သိရှိရပါတယ်။

အသေးစိတ်ဆက်သွယ်ရန်- Mandalay Golden City Hotel လိပ်စာမှာ 101Road and Theikpan Road, Between54Street& 55Street, Mandalay, Myanmar.Hot Line:02-2848 258,02-2848259,09-952200520ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်တယ်လို့ သိရှိရပါတယ်။


郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: