> 首页 > MFN

ရုရှား ဖက်ဒရယ်ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ကလည်း မြန်မာကို နာမည်ပျက်စာရင်းသတ်မှတ်ဖို့ရှိ ဟုဆို

ရုရှားဖက်ဒရယ် ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ (Rosfinmonitoring)ဟာ မြန်မာကိုကမ္ဘာ့ဘဏ္ဍာရေး စောင့်ကြည့်အဖွဲ့ (FATF)က နာမည်ပျက်စာရင်း သွင်းလိုက်တဲ့အတိုင်း သတ်မှတ်ဖို့ ရှိနေတယ်လို့ ရုရှားနိုင်ငံပိုင် အင်တာဖက်စ် သတင်းဌာနက သတင်းဖော်ပြလာပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်လို့ ရုရှားဖက်ဒရယ် ငွေကြေးစောင့်ကြည့်ရေးအဖွဲ့က မူကြမ်းအမိန့်ကို သူ့ရဲ့ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းဆိုင်ရာ မူကြမ်းတွေကို တင်ထားတဲ့ အွန်လိုင်း အချက်အလက်စင်တာမှာ ဖော်ပြထားတာကာ လက်ရှိမှာတော့ ၂၀၁၁ခုနှစ် နိုဝင်ဘာလတုန်းက အတည်ပြုထားတဲ့ အဲဒီစာရင်းထဲမှာ FATFက အမည်ပျက်စာရင်းသွင်းထားပြီးဖြစ်တဲ့ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကိုပဲ Rosfinmonitoringက ဖော်ပြထားပါသေးတယ်။

ဒါ့ကြောင့် ငွေကြေးပိုင်းမူတွေ ပြုလုပ်ဖို့တောင်းဆိုခံရတဲ့ဒေသမှာ မှတ်ပုံတင်ထားတဲ့ ဒါမှမဟုတ် ထူထောင်ထားတဲ့ လုပ်ငန်းတွေရဲ့ ငွေကြေးလွှဲပြောင်းမှုနဲ့ အလားတူ တောင်းဆိုခံရတဲ့ နိုင်ငံတစ်နိုင်ငံက ဘဏ်မှာဖွင့်ထားတဲ့ ဘဏ်ငွေစာရင်းကို အသုံးပြုပြီး ငွေကြေးလွှဲပြောင်းမှုတွေဟာ မဖြစ်မနေ ထိန်းချုပ်ခံရဖို့ ရှိနေပါတယ်။

လက်ရှိမှာ နစကဟာ ရုရှားဆီကနေ စက်သုံးဆီတင်သွင်းဖို့ စီစဉ်ထားသလို ရေနံနှင့် LNGဓါတ်ငွေ့တွေ ဝယ်ယူဖို့လည်း စီစဉ်နေသလို ရုရှားနိုင်ငံမှာ ပြုလုပ်ထားတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာလည်း နှစ်နိုင်ငံကဏ္ဍစုံမှာ ပူပေါင်းဆောင်ရွက်ဖို့အပြင် ငွေရေးကြေးရေး ကဏ္ဍတွင်လည်း ရုရှားဘဏ်နဲ့ မြန်မာပြည်တွင်း ဘဏ်တွေကြားချိတ်ဆက် အသုံးပြုနိုင်ရေးကိုလည်း ဆွေးနွေးထားမှုတွေ ရှိနေတာကြောင့် Rosfinmonitoringရဲ့ စောင့်ကြည့်စာရင်းအသွင်းခံရမှု ဖြစ်လာမယ်ဆိုရင် ငွေကြေးလွှဲပြောင်းမှု အပိုင်းတွေမှာ ဆက်လက်စောင့်ကြည့်ရမယ့် အခြေအနေရှိသလို အခက်အခဲတွေလည်း ရှိလာနိုင်တယ်လို့ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

မြန်မာဟာ ငွေကြေးခဝါချမှုတွေနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုလို တရားမဝင် ငွေကြေးစီးဆင်းမှုတွေကို ဖြေရှင်းရာမှာ FATFက အကြံပြုထားတဲ့ အချက်တွေကို အကောင်အထည် မဖော်နိုင်ဘူးဆိုတဲ့ အချက်နဲ့ နာမည်ပျက်စာရင်းသွင်းတယ်လို့ FATFက ပြီးခဲ့တဲ့လ နောက်ဆုံးအပတ်တုန်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: