> 首页 > MFN

ရန်ကုန်မြို့တွင်းမီးရထားလမ်းပိုင်းလူကူးခုံးကျော်တံတား ၃ ခုတည်ဆောက်ပေးမယ်

အခု၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်ထဲမှာ မီးရထားလမ်းပိုင်းတွေ၊ ဘူတာတွေအပြင် လူကူးခုံးကျော်တံတား တည်ဆောက်မှုတွေကိုပါ အဆင့်မြှင့်တင်ဆောင်ရွက်လျက် ရှိနေတာပါ။ အဲဒီထဲမှာမှ ရန်ကုန်မြို့ပတ် မီးရထားလမ်းပိုင်းမှာ လူကူးခုံးကျော်တံတား၃ခု တည်ဆောက်ပေးမယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။

တည်ဆောက်သွားမယ့် နေရာတွေ ရန်ကုန်မြို့ပတ်ရထားလမ်းဖြစ်တဲ့ သမိုင်းမြို့သစ်ဘူတာနှင့် ကြို့ကုန်းဘူတာကြား၊ အင်းစိန်ဘူတာနှင့် ရွာမဘူတာကြားနဲ့ ကမာရွတ်ဘူတာနဲ့ သီရိမြိုင်ဘူတာကြား နေရာများမှာဖြစ်ပါတယ်။ အဲဒီလူကူးခုံးကျော် တံတားများကို Steel structure၊ Walkway၊Steel structure Roofing.RC Short Column&RC Foundation တံတားများအဖြစ် တည်ဆောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအတွက်ကြောင့် ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းတွေကို အပ်နှံလုပ်ဆောင်မှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားမှုရှိပါက တင်ဒါစနစ်နဲ့ ခေါ်ယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အထက်ပါရထားလမ်းပိုင်းရဲ့ လူကူးခုံးကျော်တံတား တည်ဆောက်ဖို့အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ဗိုလ်တထောင်မြို့နယ်၊ (၅၁)လမ်းထိပ်ရှိ မြန်မာ့မီးရထား ထောက်ပံ့ဌာနမှာ အခုလထဲ ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်တယ်လို့လည်း သိရပါတယ်။


郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: