MFN
> 首页 > MFN

အခွန်ရှောင်သူများ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါ တရားစွဲခံရနိုင်ဟု သတိပေး

အခွန်ရှောင်တိမ်းမှု (Tax Evasion)ကို ကျူးလွန်သူများဟာ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေအရ အရေးယူခံရမယ့်အပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရလည်း ထပ်မံတရားစွဲဆိုခံရနိုင်ခြင်းကြောင့် မည်သည့်ဆောင်ရွက်မှုများဟာ အခွန်ရှောင်တိမ်းမှုမြောက်သော ကျူးလွန်မှုများဖြစ်ကြောင်း လေ့လာသိရှိထားရန် လိုအပ်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတိပေး ထုတ်ပြန်လာပါတယ်။

ဒါကြောင့်လာမယ့် ၂၀၂၃ခုနှစ် ဇန်နဝါရီ၁ရက်နေ့မှ စတင်အကျိုးသက်ရောက်မယ့် အများပြည်သူများ သိရှိလိုက်နာရန် သတ်မှတ်ချက်အမှတ်(၃/၂၀၂၂)အား ပြည့်စုံစွာသိရှိနိုင်ရန် ဝန်ကြီးဌာနရဲ့ websiteတွင် မြန်မာဘာသာဖြင့် လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း ဝင်ရောက်လေ့လာနိုင်တယ်လို့လည်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက“FATFရဲ့Black list ထုတ်ပြန်ပြီးနောက်ပိုင်း နစကက ပြန်ပြီး Coverလုပ်ဖို့ အခွန်တွေကို တော်တော်လေးကို ပြင်းပြင်းထန်ထန် လိုက်လိမ့်မယ်နဲ့တူတယ်။ ဒါပေမယ့် taxပေးရမယ်ဆိုတာကတော့ ပေးလို့ရတယ်။ ဒါပေမယ့် အဲ့ဒီပေးလိုက်တဲ့ taxကရော ဘယ်ကိုရောက်သွားမလဲ ဒါကအစိုးရအဆက်ဆက် မေးခွန်းထုတ်ခံရတဲ့ဟာပဲ၊ ဒါကိုတော့ အဖြေတစ်ခုတော့ ပေးမှရမယ်”လို့ သူ့အမြင်နဲ့ ပတ်သက်လို့ MFNရဲ့ သီးသန့်မေးမြန်းချက်အပေါ် ပြန်လည်ပြောဆိုပါတယ်။

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေနဲ့ အခွန်ရှောင်ရှားခြင်း၊ အခွန်လျော့နည်းပေးဆောင်ခြင်း၊ အခွန်ဆိုင်ရာ သတင်းအချက်အလက်များ လွဲမှားဖော်ပြခြင်းနှင့် အခွန်ရှောင်တိမ်းခြင်းဆိုတဲ့ စကားရပ်များနှင့် ဆောင်ရွက်ချက်များအပေါ် အရေးယူရန် ပြီးခဲ့တဲ့နိုဝင်ဘာ ၁၆ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်အတွင်း အခွန်ရှောင်ခြင်း ပေါ့ဆမှု(သို့မဟုတ်) မရိုးဖြောင့်သောရည်ရွယ်ချက်ဖြင့် အခွန်လျော့နည်းပေးခြင်း၊ အခွန်ဆိုင်ရာ သတင်းအချက်အလက်များကို မှားယွင်းခြင်း(သို့) လမ်းလွဲစွာ ဖော်ပြခြင်းသတ်မှတ်သည့် ကိစ္စများ၊ အခွန်ရှောင်မှုမြောက်သော ကျူးလွန်မှုများအဖြစ် သတ်မှတ်ထားသည့် အခြေအနေများကို ရှင်းလင်းထားတယ်လို့ ဆိုပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到:

免责声明:本站所有文章内容未经严格核实,也不代表本站观点,本站不承担由此引起的法律责任。