> 首页 > MFN

တစ်ပိဿာ ကျပ် ၃၀၀၀ ကျော်ထိ ၂ ဆ ခုန်တက်သွားတဲ့ CP ကြက်

လူတန်းစားမရွေးဆိုသလို လက်လီဈေးကွက်အတွင်း ဈေးသက်သက်သာသာနဲ့ ဝယ်ယူစားသုံးနိုင်နေတဲ့ ကြက်ဈေးနှုန်းတွေဟာ ယခုချိန်မှာ ဈေးမသက်သာလှတဲ့ အခြေအနေပါ။ အဲလိုဆိုရတာကလည်း ကုန်ခဲ့တဲ့၂၀၂၁ခုနှစ်မှာ အသားတိုးကြက်(CP)ခြံဖမ်း ဈေးနှုန်းဟာ တစ်ပိဿာကို ငွေကျပ်၃၉၀၀မှ ၄၀၀၀ကြားရှိခဲ့ရာက အခုဆိုရင် ငွေကျပ်၇၄၀၀ထိ ပေါက်ဈေးရှိလာပါတယ်။ ဒါဟာအခုနှစ်ရဲ့ အများစုစားသုံးနေတဲ့ (CP)ကြက်သားဈေးနှုန်းဟာ ငွေကျပ်၃၀၀၀ကျော်မြင့်တက်လာပြီး ၂ဆဈေးပေးဝယ်လာရတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အသားတိုး(CP)ကြက် မွေးမြူထုတ်လုပ်သူတို့ အကျိုးအမြတ်ရရှိနေတယ်လို့လည်း လုပ်ကိုင်သူတစ်ဦးက MFNကို ပြောပါတယ်။

“ယခင်က ကြက်ပေါက်တစ်ကောင်ကို ငွေကျပ်၄၀၀မှ ၈၀၀ကြားရှိခဲ့တာပါ။ အခုဟာဝယ်ယူဈေးတင်ပဲ ကျပ်၁၈၀၀နဲ့ ၂၀၀၀ဝန်းကျင်ထိ ရှိလာတယ်။ နောက်ပြီးလျှပ်စစ်မီးနဲ့ မွေးမြူရတဲ့အတွက် မီးမမှန်တော့ မီးစက်နဲ့မောင်းပြီး မွေးမြူရတယ်။ အစာစရိတ်ကလည်း ယခင်နှစ်တွေက အစာအိတ်တစ်အိတ်ကို ငွေကျပ်၃၀၀၀၀ပဲ ရှိခဲ့တာပါ။ အခုဟာက ငွေကျပ်၈၀၀၀၀ထိ ပေးဝယ်နေရတယ်။ အဲဒီအတွက်CP ကြက်သားဈေးကလည်း မြင့်လာတယ်။ ကျွန်တော်တို့အနေနဲ့လည်း ထုတ်လုပ်မှု စရိတ်ကများတဲ့အတွက် တစ်ပိဿာဈေး ကျပ်၇၀၀၀ကျော် မရောင်းရင် တွက်ချေမကိုက်ပြန်ဘူး”လို့ ၎င်းကဆိုပါတယ်။

ဒါအပြင် ကြက်မွေးမြူရေးလုပ်ငန်းများသုံးတဲ့ ပစ္စည်းများ၊ ဆေးဝါးများဟာ ဈေးနှုန်းအဆမတန် မြင့်မားနေတဲ့အတွက် CPကြက်သားဈေးနှုန်း မြင့်လာရတာလို့ သိရပါတယ်။ ပြည်တွင်းလူဦးရေရဲ့ ၈၀ရာခိုင်နှုန်းကျော်ဟာ ဈေးနှုန်းသက်သာမှုရှိတဲ့ မွေးမြူရေးအသားတိုးကြက်များကို နေ့စဉ်စားသုံးမှုပြုနေတာပါ။ အခုလက်ရှိ ကြက်သားလက်လီဈေးကွက်အတွင်း ရောင်းချမှုဟာဆိုရင်တော့ အသားတိုး(CP) တစ်ပိဿာ၈၅၀၀ကျပ်၊ ဥတုံးကြက်အမျိုးအစား တစ်ပိဿာ၈၀၀၀ကျပ်ကျော်နဲ့ မြန်မာကြက်ကတော့ တစ်ပိဿာ၁၂၀၀၀ကျပ်ကျော်မှာ ပေါက်ဈေးရှိနေတယ်လို့ စားသုံးသူပြည်သူများထံ က သိရပါတယ်။ အသားတိုးကြက်(CP) ကြက်ပေါက်တစ်ကောင်ကို ၄၅ရက်နဲ့ ရက်၅၀အကြာ မွေးမြူရတဲ့ အခြေအနေပါ။ နေ့စဉ်စားသုံး ပြည်သူအများမှာလည်း လက်ရှိအခြေအနေမှာ ကုန်စိမ်းအပါအဝင် သား၊ငါးဈေးကွက်တွေမှာလည်း ဈေးမြင့်မားမှုတွေနဲ့ ကြုံကြိုက်နေရပြီး ခက်ခဲနေတဲ့ အခြေအနေလို့ ဆိုရမှာပါ။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: