> 首页 > MFN

ဘဏ်နှင့် ဘဏ်မဟုတ်တဲ့ ငွေကြေးအဖွဲ့အစည်းတွေ ရုံးနေရာပြောင်းရင် ဗဟိုဘဏ်ကို ငွေသွင်းရမယ်၊ ဘဏ် နေရာပြောင်းရင် ၅ သိန်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းတွေ နေရာပြောင်းရင် ၂ သိန်း သတ်မှတ်

ဘဏ်တွေအပြင် ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေအနေနဲ့ ရုံးချုပ်အပါအဝင် ရုံးခွဲတွေကို နေရာပြောင်းရွှေ့ ဖွင့်လှစ်ခြင်းအတွက် ပြောင်းရွေ့ခအဖြစ် ဗဟိုဘဏ်ကို ငွေပေးသွင်းရမယ့် ထုတ်ပြန်မှုတစ်ခုကို ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ(၁၈၄)တွင် အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ အခုလိုညွှန်ကြားချက်ကို ထုတ်ပြန်တာလို့လည်း ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။ ဘဏ်တွေအနေနဲ့ ရုံးချုပ်အပါအဝင် ဖွင့်လှစ်ပြီးဘဏ်ခွဲများ လုပ်ငန်းနေရာ ပြောင်းရွှေ့ဖွင့်လှစ်မယ်ဆိုရင် ပြောင်းရွှေ့ဖွင့်လှစ်မယ့် နေရာဟာ ယခင်လုပ်ငန်းနေရာနဲ့ မြို့နယ်တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လုပ်ငန်းနေရာပြောင်းရွှေ့ခြင်းအတွက် အခကြေးငွေကျပ်(၅)သိန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးသွင်းရမယ်လို့လည်း ဗဟိုဘဏ်က ကြေညာထားပါတယ်။

ဒါ့အပြင်ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေအနေနဲ့ ရုံးချုပ်အပါအဝင် ရုံးခွဲတွေကို နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်းနဲ့ ပြောင်းရွှေ့ဖွင့်လှစ်တဲ့ မြို့နယ်တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လုပ်ငန်းနေရာ ပြောင်းရွှေ့ခြင်းနဲ့ ပိတ်သိမ်းခြင်းတွေအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို ငွေကျပ်နှစ်သိန်း ပေးသွင်းရမှာဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါကြေညာချက်တွေနဲ့ ပတ်သက်ပြီး ၂၀၂၂ခုနှစ်နိုဝင်ဘာလ ၂၅ရက်နေ့ကစတင်ပြီး အကျိုးသက်ရောက်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အခုလို ဘဏ်များနှင့် ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေအတွက် ရုံးချုပ်နှင့်ရုံးခွဲများ၊ ဘဏ်ခွဲများ ဖွင့်လှစ်ရန် လျှောက်ထားရာမှာ လိုက်နာဆောင်ရွက် ရည်ညွှန်းချက်အမှာစာများကိုလည်း ထုတ်ပြန်ထားခဲ့ပြီး ဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။


郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: