> 首页 > MFN

နွားပွဲဈေး ၃ ဈေး ရဲ့ ငွေကြေးကောက်ခံ လိုင်စင် ၆ ခု ဈေးပြိုင်လေလံနဲ့ရောင်းမယ်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှလာမယ့်၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်(၂၀၂၃ဧပြီ၁ရက်မှ၂၀၂၄မတ်၃၁ထိ)အတွက်နွားပွဲဈေး၃ဈေးရဲ့ငွေကြေးကောက်ခံလိုင်စင်၆ခုကိုဈေးပြိုင်လေလံစနစ်နဲ့ရောင်းချမှာဖြစ်တယ်လို့သိရပါတယ်။ အထက်ပါဈေး၃ဈေးဟာဆိုရင်တော့လယ်ဝေးနွားပွဲဈေး၊သာဝတ္ထိနွားပွဲဈေးနဲ့တပ်ကုန်းနွားပွဲဈေးတို့ဖြစ်ပြီးတော့၎င်းတို့ရဲ့ဈေးဝင်ကြေးကောက်ခံလိုင်စင်နဲ့စက်ဘီး၊ဆိုင်ကယ်အပ်နှံမှုလိုင်စင်စုစုပေါင်း၆ခုတို့ကိုရောင်းချသွားမှာပါ။

အဲဒီလိုင်စင်၆ခုအတွက်အမျိုးအစားအလိုက်အာမခံငွေကိုလည်းအသီးသီးသတ်မှတ်ထားရှိတယ်လို့လည်းသိရပါတယ်။ အထက်ပါအာမခံငွေသတ်မှတ်ထားရှိမှာတော့လယ်ဝေးနွားပွဲဈေးဝင်ကြေးကောက်လိုင်စင်အတွက်အာမခံငွေ၁၅သိန်း၊ယင်းဈေးရဲ့စက်ဘီး၊ဆိုင်ကယ်အပ်နှံမှုလိုင်စင်အတွက်အာမခံငွေ၂သိန်း၄သောင်းသတ်မှတ်ထားရှိပါတယ်။ အဲလိုပဲသာဝတ္ထိနွားပွဲဈေးဝင်ကြေးကောက်လိုင်စင်အတွက်ငွေကျပ်သိန်း၆၀၊၎င်းဈေးစက်ဘီး၊ဆိုင်ကယ်အပ်နှံမှုလိုင်စင်အတွက်အာမခံငွေကျပ်၉သိန်းဖြစ်ပြီးတော့တပ်ကုန်းနွားပွဲဈေးဝင်ကြေးကောက်ခံလိုင်စင်အတွက်အာမခံငွေကျပ်၈၅သိန်းနဲ့စက်ဘီး၊ဆိုင်ကယ်အပ်နှံမှုလိုင်စင်အတွက်အာမခံငွေ၁၀သိန်းသတ်မှတ်ထားတယ်လို့သိရပါတယ်။

ဒါကိုစိတ်ပါဝင်စားလုပ်ကိုင်လိုသူလုပ်ငန်းရှင်တွေအနေနဲ့နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှာလေလံလျှောက်လွှာပုံစံများ၊စည်းကမ်းချက်များကိုအခမဲ့ရယူပြီးအခုလဖေဖော်ဝါရီ၂၂ရက်ညနေ၃နာရီခွဲအချိန်နောက်ဆုံးထားကာတင်သွင်းနိုင်တယ်လို့သိရပါတယ်။ ယင်းဌာနအနေနဲ့လေလံတင်ရောင်းချမှုကိုတော့နေပြည်တော်စည်ပင်သာရေးကော်မတီရဲ့ဈေးများဌာနအစည်းအဝေးခန်းမမှာဖေဖော်ဝါရီ၂၄ရက်မှာကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: